၂၀၁၂ ကမ္ဘာ့ဆန်ထုတ်လုပ်မှုက ၂၀၁၁ ထုတ်လုပ်မှုနှုန်းထက် ၁ ဒသမ ၆ ရာခိုင်နှုန်း မြင့်မားလာလိမ့်မယ်လို့ FAO ခန့်မှန်း
၂၀၁၂ ခုနှစ် ကမ္ဘာ့ဆန်ထုတ်လုပ်မှုက တန်ချိန် ၄၈၉ ဒသမ ၁ သန်းဝန်းကျင်အထိ ရောက်ရှိနိုင်ရာ ၂၀၁၁ ခုနှစ်က ထုတ်လုပ်မှုနှုန်းထက် ၁ ဒသမ ၆ ရာခိုင်နှုန်း မြင့်မားလာလိမ့်မယ်လို့ FAO က ခန့်မှန်းထားတယ်။ ၎င်းင်း ပမာဏဟာ အစောပိုင်းက ခန့်မှန်းထားတဲ့ ပမာဏဖြစ်တဲ့ တန်ချိန် ၄၉၀ ဒသမ ၅ သန်းဝန်းကျင်အောက် လျော့နည်းသွားပါတယ်။ ကမ္ဘာ့ဆန် အဓိကစိုက်ပျိုး တဲ့ နိုင်ငံအချို့ (ဥပမာ – အိန္ဒိယ) မှာ ဆန်စိုက်ပျိုးထုတ်လုပ်မှု အနည်းငယ်အားနည်းနိုင်တဲ့ လက္ခဏာတွေကြောင့် FAO အနေနဲ့ ကမ္ဘာ့ဆန်ထုတ်လုပ်မှုကို လျှော့ချခန့်မှန်းလိုက်တာ ဖြစ်ပါတယ်။ FAO ခန့်မှန်းချက်အရ ၂၀၁၂ ခုနှစ်မှာ ကမ္ဘာ့ဆန်ထုတ်လုပ်မှုနှုန်းက စားသုံးမှုထက် တန်ချိန် ၁၃ ဒသမ ၄ သန်းဝန်းကျင် ပိုမိုဖွယ်ရှိရာ ကမ္ဘာ့ဆန်သိုလှောင်မှုပမာဏက တန်ချိန် စုစုပေါင်း ၁၆၇ ဒသမ ၅ သန်းအထိ ရောက်ရှိသွားလိမ့်မယ်လို့ သိရပါတယ်။ ၂၀၁၂ ခုနှစ်အတွင်း ဆန်ကုန်သွယ်မှုပမာဏမှာ တန်ချိန် ၃၄ ဒသမ ၅ သန်းအထိ ရောက်ရှိနိုင်ကြောင်း ၊ ၂၀၁၃ ခုနှစ်မှာ တန်ချိန် ၃၄ ဒသမ ၇ သန်းအထိ တိုးတက်နိုင်ကြောင်း FAO က ခန့်မှန်းထားတယ်။ ဘင်္ဂလားဒေ့ရှ် ၊ တောင်ကိုရီးယား၊ နီပေါနဲ့ ဖိလစ်ပိုင်တို့ရဲ့ ဆန်တင်သွင်းမှုတွေကြောင့် ၂၀၁၃ ခုနှစ် ဆန်ကုန်သွယ်မှုကို တိုးမြှင့်ခန့်မှန်းကြောင်း FAO ရဲ့ အစီရင်ခံစာမှာ ထုတ်ပြန်ထားပါတယ်။ Source :oryza.com, ပပ
