မိုးနည်းတာကြောင့် အိန္ဒိယအစိုးရက သြဂုတ်လလယ်မှာ ဆန်တင်ပို့မှုကို ပြန်လည်သုံးသပ်သွားမယ်
မိုးရွာသွန်းမှု တိုးတက်ခြင်းမရှိတာကြောင့် အိန္ဒိယအစိုးရ မှ သြဂုတ်လဒုတိယပတ်မှာ ၎င်းရဲ့ဆန်တင်ပို့မှု မူဝါဒကို ပြန် လည်သုံးသပ်နိုင်ကြောင်း စိုက်ပျိုးရေးဝန်ကြီးမှ ထုတ်ဖော်ပြော ကြားပါတယ်။ ယခုနှစ် အိန္ဒိယမှာ မုတ်သုံမိုး ဝင်ရောက်မှုက သီတင်း ၂ ပတ်ခန့် နောက်ကျပြီး၊ ယခုမိုးရွာသွန်းမှု မလုံ လောက်ခြင်းက ၂၂ ရာခိုင်နှုန်းဝန်းကျင် ရှိနေပါတယ်။ နိုင်ငံရဲ့ ဒေသတော်တော်များများ မိုးမလုံလောက်ခြင်းက ဆန်စပါးအပါအဝင် သီးနှံများစွာကို ခြိမ်းခြောက် နေတယ်လို့ ဝန်ကြီးမှဝန်ခံပြောကြားပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကလို စိုက်ပျိုး မှု တိုးတက်နှုန်း ၄ ရာခိုင်နှုန်းလောက်အထိ တိုးတက်မှုမျိုးရှိဖို့ တောင်သူတွေအတွက် မိုးနည်းပါးခြင်းက စိန်ခေါ်မှုတစ်ရပ်ပဲ ဖြစ်တယ်လို့ ၎င်းင်းကဆိုပါတယ်။ ဒါပေမယ့် ဆန်တင်ပို့မှုနဲ့ ပတ်သက်လို့ ကန့်သတ်မှုတွေ လုပ်ဖို့ အလွန်စောပါသေးတယ်လို့ ဆိုပါတယ်။ အစိုးရထံမှာ သိုလှောင်ထားသည့် သီးနှံပမာဏများပြားစွာ ရှိပြီး မိုးခေါင် ခြောက်သွေ့မှု ဖြစ်ပေါ်လာပါက အရေးပေါ်အစီအစဉ်များ လည်း အသင့်ရှိကြောင်း ၎င်းက ဆိုပါတယ်။ ၎င်းတို့အနေနဲ့ သြဂုတ်လဒုတိယပတ်အထိစောင့်ကြည့်သွားမယ်လို့ဆိုပါတယ်။ ၂၀၁၂ ဇူလိုင် ၁ ရက်မှာ အိန္ဒိယစားနပ်ရိက္ခာသီးနံှ သို လှောင်မှုက တန်ချိန် ၈၀ သန်းဝန်းကျင်ရှိတဲ့အနက် ဆန် တန်ချိန် သန်း ၃၀ ဝန်းကျင်ပါဝင်တယ်လို့ သိရပါတယ်။ ဆန် အတွက် အရန်သိုလှောင်မှု သတ်မှတ်ပမာဏမှာ တန်ချိန် ၁၄ ဒသမ ၂ သန်းဖြစ်ကြောင်း သိရပါတယ်။လမင်း၊Source: oryza.com
