ဗီယက်နမ် ဆန်ဈေးနှုန်း ဆက်လက်ကျဆင်းမသွားသော်လည်း ဈေးနှုန်းမြင့်မားလာခြင်းမရှိ
ဇူလိုင်လလယ်ပိုင်း အာရှဆန်ဈေးကွက်မှာ ထိုင်းဆန်ဈေး နှုန်းတွေ ကျဆင်းသွားသော်လည်း ဗီယက်နမ် ဆန်ဈေးနှုန်း တွေ က ပြောင်းလဲမှုမရှိ တည်ငြိမ်နေတယ်။ ပြည်တွင်းဆန် သိုလှောင်ထားမှု များနေတဲ့အပြင် လက်ရှိနွေ- ဆောင်းဦးစပါး အထွက်နှုန်း တိုးခြင်းက ရောင်းလိုအားကိုမြင့်မားစေပြီး ဈေး နှုန်းကျဆင်းမှုကိုဖြစ်စေရာ ဗီယက်နမ် အစိုးရက ဈေးနှုန်း ကျဆင်းမှုကို ထိန်းချုပ် ဖို့ ဈေးကွက်ဝင်ရောက်စွက်ဖက်မှု အစီအစဉ် ဆောင်ရွက်သွားရေး လမ်းညွှန်ထားပြီးဖြစ်တယ်။ လမ်းညွှန်ချက်အရ ဇူလိုင် ၁၀ ရက်မှအောက်တိုဘာ ၁၀ ရက်အထိ ကာလအတွင်း နွေ-ဆောင်းဦး စပါးတန်ချိန် တစ်သန်းကို သိုလှောင်သွားမှာဖြစ်တယ်။ အဆိုပါ အစီအစဉ် ကြောင့် ဗီယက်နမ်ဆန်ဈေးနှုန်း ဆက်လက်ကျဆင်းသွား ခြင်း မရှိသော်လည်း ဈေးနှုန်းမြင့်မားလာခြင်းမရှိလို့ ကုန်သည်တွေ က ဆိုကြတယ်။ ပပ၊Source :brecorder.com
