မန်းသစ်သီးဈေးကွက် ကျောက်မဲ နာနတ်သီး အရောင်းသွက်

      မန္တလေးဈေးကွက်ကို ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲနဲ့ သီပေါနယ် များမှ ဝင်ရောက်တဲ့  နာနတ်သီးများ ဝါတွင်းကာလမှာ  လှိုင်လှိုင်ဝင်ရောက် ကြောင်း သိရပါတယ်။ ယခုရက်ပိုင်းအတွင်း ဟိုင်းလတ် ကားများနဲ့  တစ်ရက်ကို လုံးရေ ၂၅၀၀၀-၃၀၀၀၀ ဝန်းကျင် ဝင်ရောက် ပြီး၊ သစ်သီးပွဲရုံများမှ အလုံး ၁၀၀ကို ကြီး ၄၅၀၀၀ ကျပ်၊ လတ် ၃၂၀၀၀ ကျပ်၊ သေး ၂၁၀၀၀ ကျပ်နဲ့ ရောင်းချ ကြောင်း၊ လက်လီသမားများကတော့ လုံးကောက်တစ်လုံးကို (ကြီး) ၆၀၀ ကျပ် -၆၅၀ကျပ်၊ (လတ်) ၅၀၀ ကျပ် - ၅၅၀ ကျပ်၊ (သေး) ၂၅၀ကျပ် - ၃၀၀ ကျပ်နဲ့ ရောင်းပြီး၊  ကျင်ဂနိုင်လိုခေါ်တဲ့ လုံး သေးကို ၁၀၀ ကျပ်-၁၅၀ ကျပ်နဲ့ ရောင်း ဝယ်ကြောင်း၊  ယခုရက်ပိုင်းအတွင်း နာနတ်သီး ရောင်းအားကောင်းကြောင်း သိရပါတယ်။တင်ဇာမျိုး