အိန္ဒိယအစိုးရအနေနဲ့ ပြည်ပသို့ ဘာစမာတီမဟုတ်တဲ့ ဆန်တင်ပို့မှုကို ပြန်လည်ပိတ်ပင်သွားနိုင်တဲ့ ယူဆချက်ကြောင့် ဆန်ဈေးအနည်းငယ် ဦးမော့လာ
အိန္ဒိယမှာ မုတ်သုန်မိုးရရှိမှုနောက်ကျနေရာ လက်ရှိစပါးစိုက်ပျိုးပြီးစီးမှု ဧရိယာက ယခင်နှစ်နဲ့ ယှဉ်ရင် ၉ ရာခိုင်နှုန်း လျော့နည်းလျက်ရှိတယ်လို့ သိရတယ်။ ဒါပေမဲ့အိန္ဒိယမှာ ဆန်တန်ချိန်များစွာ သိုလှောင်ထား ရှိပြီး ပြည်တွင်းစားသုံးမှုအတွက် စိုးရိမ်စရာမလိုတဲ့အပြင် ပြည်ပကိုဆန်တင်ပို့မှု ကိုလည်းပိတ်ပင်သွားမှာ မဟုတ်ကြောင်း သက်ဆိုင်ရာအရာထမ်းတွေက ပြော ကြားထားတယ်။
ဒါပေမဲ့ဈေးကွက်လေ့လာသူတွေက အစိုးရအနေနဲ့ ပြည်ပကို ဘာစမာတီမဟုတ်တဲ့ ဆန်တင်ပို့မှုကို ပြန်လည် ပိတ်ပင်သွားနိုင်တယ်လို့ ယူဆလာကြပြီး အိန္ဒိယဆန်ဈေးအနည်းငယ် ဦးမော့လာတယ်။ ဇူလိုင် ၂၄ ရက်က တစ်တန်ကို ၃၈၀ ဒေါ်လာသာရှိနေတဲ့အိန္ဒိယဆန်ဖြူ ၂၅ မှတ်ဆန်က ဇူလိုင် ၂၅ ရက်မှာတစ်တန်ကို ၃၉၀ဒေါ်လာအထိ ၁၀ ဒေါ်လာ ဈေးမြင့်လာတာကို သုံးသပ်တွေ့ရှိရတယ်။ ဆန်ဈေးမြင့်လာသော်လည်း ထိုင်းဆန်ဈေးထက် များစွာ လျော့နည်းနေခြင်း၊ ရူပီးငွေတန်ဖိုးကျဆင်းနေခြင်းတို့ကြောင့် ပြည်ပကို ဆန်တင်ပို့မှုတိုးတက်လိမ့်ဦးမယ်လို့ သုံးသပ်ကြတယ်။ နိုင်ငံတကာကောက်ပဲသီးနှံကောင်စီ (IGC) မှ နောက်ဆုံးထုတ်ဝေတဲ့ အစီရင်ခံစာမှာ ၂၀၁၂ ခုနှစ်အတွက် အိန္ဒိယရဲ့ ဆန်တင်ပို့မှုက တန်ချိန် ၇ သန်းအထိ ရောက်ရှိနိုင်မယ်လို့ ဖော်ပြထားတယ်။ အမေရိကန် လယ်ယာ စိုက်ပျိုးရေးဌာန (USDA) ကတော့ အိန္ဒိယရဲ့ ဆန်တင်ပို့မှုကို တန်ချိန် ၈ သန်းအထိ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ Source:Brecorder.com, riceonline.com,ပပ
