ဗီယက်နမ် မဲခေါင်မြစ်ဝှမ်းဒေသဖွံ့ဖြိုးတိုးတက်ရေး တစ်စိတ်တစ်ဒေသအဖြစ် ၂၀၁၅ ခုနှစ်အထိ နှစ်စဉ်အနည်းဆုံး ဆန်တန်ချိန် ၆ သန်းမှ ၇ သန်း တင်ပို့သွားရန် ဗီယက်နမ်ဝန်ကြီးချုပ်ညွှန်ကြား
ကမ္ဘာ့ဒုတိယမြောက်ဆန်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်တဲ့ ဗီယက်နမ်နိုင်ငံရဲ့ ၂၀၁၁ ခုနှစ်အတွင်း ဆန်တင်ပို့မှုမှာ တန်ချိန် ၇ ဒသမ ၂ သန်းအထိ ရောက်ရှိစံချိန်တင်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာလည်း တန်ချိန် ၇ သန်းမှ ၇ ဒသမ ၃ သန်း အကြား တင်ပို့နိုင်ဖွယ်ရှိတယ်လို့ အစိုးရကခန့်မှန်းထားတယ်။
၂၀၁၅ ခုနှစ်အထိ ကာလအတွင်း တစ်နှစ်ကို အနည်းဆုံးဆန်တန်ချိန် ၆ သန်းမှ ၇ သန်းအထိ တင်ပို့သွားဖို့ရည်မှန်းထားကြောင်း၊ မဲခေါင်မြစ်ဝှမ်းဒေသ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းတစ်စိတ်တစ် ဒေသအဖြစ် ယခုလိုမျိုးဆန်တင်ပို့ဖို့ ရည်မှန်းချက်ကို ချမှတ် လိုက်ခြင်းဖြစ်ကြောင်း ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Tan Dung က ဇူလိုင် ၁၉ ရက်မှာ လက်မှတ်ရေးထိုး ထုတ်ပြန်တဲ့ ညွှန်ကြားချက်တစ်စောင်မှာ ဖော်ပြပါရှိလာတယ်လို့ သိရ တယ်။ ၎င်းင်းညွှန်ကြားချက်က မဲခေါင်မြစ်ဝှမ်းဒေသတစ်ခုတည်း အတွက်သာ ရည်ရွယ်ပြီး တစ်နိုင်ငံလုံးအတွက်တော့ မရည်ရွယ်ကြောင်းသိရတယ်။ ဗီယက်နမ်မဲခေါင်မြစ်ဝှမ်း ဒေသ က နိုင်ငံစုစုပေါင်း ဆန်တင်ပို့မှုရဲ့ ၉၀ ရာခိုင်နှုန်း ကို ထုတ်လုပ် ပေးနိုင်ကြောင်း ၊ စပါးစိုက်ပျိုးဖို့ ၂၀၂၀ ခုနှစ်အထိ ကာလ အတွင်း ဟက်တာပေါင်း ၁ ဒသမ ၈ သန်းမှ ၁ ဒသမ ၈၅ သန်းဝန်းကျင်(ဧကပေါင်း ၄ ဒသမ ၄၅ သန်းမှ၄ ဒသမ ၅၇ သန်း) ထားရှိရမယ်လို့ သတ် မှတ်ထားကြောင်း ၊ ၎င်းဒေသ မှာ မြို့ပြတည်ဆောက်မှုချဲ့ထွင်ခြင်းတွေ အရှိန်အဟုန်မြင့်လာ ပေမဲ့လည်း စပါး စိုက်ပျိုးမြေများစွာ ချန်လှပ်ထားခြင်းမှာ မဲခေါင်မြစ်ဝှမ်းဒေသမှ ဆန်တင်ပို့မှုတိုးတက်ရေးနဲ့ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ရည်ရွယ်ကြောင်း သိရတယ်။Source:Brecorder.com,ပပ
