တရုတ်၊ ထိုင်း၊ ဗီယက်နမ်နဲ့ မလေးရှားနိုင်ငံမှ မြေသြဇာဝင်

တရုတ်၊ ထိုင်း၊ ဗီယက်နမ်နဲ့ မလေးရှားနိုင်ငံမှ မြေသြဇာဝင်
သီတင်းတစ်ပတ်ဖြစ်တဲ့ ဇူလိုင် ၂၂ ရက်မှ ၂၈ရက်တာကာလအတွင်း မြေ သြဇာ တန်ချိန် ၆၃၄ တန် ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်သိန်း ရှစ်သောင်း ကျော်ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီ တစ်ပတ်မှာ တင်သွင်းခဲ့တဲ့မြေသြဇာများမှာ တရုတ်နိုင်ငံမှ မြေသြဇာ ၁၂၅ တန်၊ ထိုင်းနိုင်ငံမှ ကွန်ပေါင်းမြေသြဇာ ၂၁၅ တန်၊  ဗီယက်နမ်နိုင်ငံမှ သြဂဲနစ်မြေသြဇာ ၁၂၆ တန်၊ မလေးရှားနိုင်ငံမှ မြေသြဇာ ၁၆၈ တန် အသီးသီး မှာယူတင်သွင်းခဲ့ ပါတယ်။
MIRT (DOT)
 

နယ်စပ်မှ ယခုအပတ် ဓာတ်မြေသြဇာအသွင်းပိုနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဇူလိုင် ၂၅ ရက်မှ ၃၁ ရက်ထိ ကာလ အတွင်းမှာ ကန်ဒေါ်လာ ၂ ဒသမ ၁၃၄ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၀၂၉၇ တန်ကျော် တင်သွင်းခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းနိုင်မှုတွေကတော့ မူဆယ် မှ တန် ၉၉၀၀ ကျော်၊ ရိဒ်မှ ၂၄၁ တန်ကျော်၊ မြိတ်မှ တန် ၁၃၀ နဲ့ တာချီလိတ်မှ ၂၃ တန် အသီးသီးဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ ယခုအပတ် အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာ တွေကတော့ ယူရီးယားနိုက်တြစ်ဖော့စဖိတ်၊ ကွန်ပေါင်းစေ့ (၁၀း၁၀း၅)၊ ၁၅ ပတ်လည်၊ စင်ဂဲလ်စူပါဖော့စဖိတ်နဲ့ တီစူပါဖော့စဖိတ်တို့ဖြစ်ပါ တယ်။ ဇူလိုင်လ တစ်လလုံးမှာ နယ်စပ်မှ ဓာတ်မြေသြဇာ ၄၅၆၀၀ တန်ကျော် တင်သွင်းထားပြီးဖြစ်ပါတယ်။                          MIRT(DOBT)ပုံမှန်ဈေးနဲ့ပဲရှိနေတဲ့ ဓာတ်မြေသြဇာမော်လမြိုင်ဈေးကွက်မှာ မြေသြဇာက အရောင်းပါးတယ်လို့ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ ဒီတစ်ပတ်မှာတော့ ကွန်ပေါင်း ၁၅ ပတ်လည် (ပန်းရောင်)နဲ့ တီစူပါ ၄၆% (သံကွင်း-တရုတ်)မြေသြဇာက တစ်အိတ်ကို ငါးရာ ဝန်းကျင်ဈေးမြင့်လာပြီး ကျန်မြေသြဇာများက ယခင်တစ်ပတ်ဈေးနဲ့ အရောင်း အဝယ်ဖြစ်တယ်လို့သိရပါတယ်။ ဒီတစ်ပတ် အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးတွေ က ပုလဲအသေး ၄၆% (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်) တရုတ်က တစ်အိတ်ကို ၂၂၅၀၀ ကျပ်၊ ကွန်ပေါင်း(အစိမ်း) ၁၅ ပတ် (ထိုင်း) က ၃၄၀၀၀ ကျပ် ၊ ကွန်ပေါင်း ၁၅ ပတ်လည် (ပန်းရောင်) က ၃၀၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း)က ၂၉၀၀၀ ကျပ်၊ တီစူပါ ၄၆% (သံကွင်း-တရုတ်) ၂၃၅၀၀ ကျပ်နဲ့ တီစူပါ ၁၆%(မြားကမ္ဘာ-တရုတ်) က ၁၁၅၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ရန်ကုန်ဈေးကွက်အတွင်း  ဒီတစ်ပတ်မှာတော့ ဈေးကွက်ထဲမှာ ယူရီးယား (နေရွက်လှေ)တရုတ်က ၆၀၀ ကျပ်၊ ရွှေတောင်က ၁၀၀ ကျပ်၊ ပိုတက်(ထိုင်း)က ၃၀၀၀ ကျပ်၊ ကွန်ပေါင်း ၂၅းရး၇ က ၁၀၀ ကျပ်ဈေးကျလာတယ်လို့ သိရပါတယ်။ ကွန်ပေါင်း ၁၅ ပတ်လည်နဲ့ ကွန်ပေါင်း ၁၅းရး၁၈ က ဈေးမပြောင်းဘဲ ယခင်တစ် ပတ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်း အဝယ်ဖြစ်နေတဲ့ဈေးက ယူရီးယား(နေရွက်လှေ-တရုတ်) ၂၀၂၀၀ကျပ်၊ ယူရီးယား (ရွှေတောင်-တရုတ်) ၂၀၂၀၀ကျပ်၊ တီစူပါ(သံကွင်း-တရုတ်) ၂၁၃၀၀ ကျပ်၊ ပိုတက် (ထိုင်း) ၃၅၀၀၀ ကျပ်၊ ပိုတက် (အိန္ဒိယ) ၂၂၈၀၀ ကျပ်၊ ကွန်ပေါင်း ၁၅း၁၅း၁၅ (နေရွက်လှေ) က ၃၈၆၀၀ ကျပ်၊ ကွန်ပေါင်း ၁၅းရး၇ က ၃၅၅၀၀ ကျပ်၊ ကွန်ပေါင်း (အမ်-တရုတ်)က ၂၈၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၅းရး၁၅ က ၃၃၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ ဓာတ်မြေသြဇာက ဒီတစ်ပတ်တော့ ကုမ္ပဏီဈေးချလို့ မြေသြဇာဈေးအနည်းငယ်ကျလာတယ် လို့ဆိုပါတယ်။ ဒီတစ်ပတ်မှာ ယူရီးယား (ရွှေတောင်) က ၃၀၀ ကျပ်၊ ယူရီးယား(ပန်းဖူး)၁၀၀ ကျပ်နဲ့ တီစူပါ ၄၆% က ၃၂၀၀ ကျပ်ဈေးကျလာပြီး၊ ကျန်မြေသြဇာက ဈေးမပြောင်းဘဲ ယခင်တစ်ပတ်ဈေး အတိုင်းရှိနေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်  အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက ယူရီးယား (ရွှေတောင်-တရုတ်) ၁၈၉၀၀ ကျပ်၊ ယူရီးယား-ပန်းဖူး (တရုတ်) ၂၀၅၀၀ ကျပ်၊ တီစူပါ (GTSP ၄၆%-တရုတ်) ၂၀၁၀၀ ကျပ်၊ တီစူပါ (GSSP ၁၆%-တရုတ်) ၈၁၀၀ ကျပ်၊ တီစူပါ (GTSP ၁၂%-တရုတ်) က ၇၅၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ (တရုတ်) ၃၆၇၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ က ၁၃၂၀၀ ကျပ်ဈေးနဲ့ ဒီတစ်ပတ်အတွင်း ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။မကွေးဈေးကွက်မှာ ဓာတ်မြေသြဇာ အရောင်းအဝယ်ပုံမှန်ရှိပြီး ဈေးကွက် မှာလဲ အရင်တစ်ပတ် အတိုင်း ပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။  ဒီတစ်ပတ် မြေသြဇာဈေးတွေက မြားကမ္ဘာ-တရုတ် ၁၂း၁၃ က(အပြာ) ၁၄၈၀၀ ကျပ်၊ ဆင် ၁၀း၁၀း၅ က ၁၄၆၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ က ၁၅၅၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ က ၃၆၅၀၀ ကျပ်၊ အာမို ၁၆း၁၆း၈ က ၃၄၀၀၀ ကျပ်၊ ယူရီးယား ပုလဲ(ပန်းဖူး- တရုတ်)က ၂၂၂၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၂၁၀၀၀ ကျပ်၊ တီစူပါ (မြားနီ-တရုတ်) ၂၃၀၀၀ ကျပ်၊ တောင်သူမက ၁၄၅၀၀ ကျပ်၊ ပိုတက်က ၂၂၀၀၀ ကျပ်၊ အောင်ကမ္ဘာ ၁၀း၁၀း၅ က ၁၇၅၀၀ ကျပ်ဈေးတို့နဲ့ ပုံမှန်အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ပဲခူးဈေးကွက်မှာ အရောင်းအေးပေမယ့် မြေသြဇာဈေးကွက်ရဲ့ဈေးနှုန်း တွေက အတက်အကျမရှိဘဲ ငြိမ်နေတယ်လို့သိရပါတယ်။ ဒီတစ်ပတ်အရောင်း အဝယ်ဖြစ်နေတဲ့ ဈေးတွေက ယူရီးယား-ပုလဲ(ပန်းဖူး) ၂၂၀၀၀ ကျပ်၊ ယူရီးယား (ရွှေတောင်-တရုတ်) ၂၂၀၀၀ကျပ်နဲ့ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၁၅၀၀ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။                                                                MIRT (DOT)