ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံပန်းမန်များ ရောင်းချရာမှာ ပြည်တွင်းပွဲရုံများမှာ ၅ ရာခိုင်နှုန်း၊ မူဆယ်ပွဲရုံများမှာ ၃ ရာခိုင်နှုန်းသာ ပွဲခယူရန် ချမှတ်ထားသော်လည်း လိုက်နာခြင်းမရှိ
ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံပန်းမန်များအား ရောင်းချရာမှာ ပြည်တွင်းပွဲရုံများမှာ ပွဲခ ၅ ရာခိုင်နှုန်းနဲ့ မူဆယ်ပွဲရုံများမှာ ပွဲခ ၃ ရာခိုင်နှုန်းသာ ပွဲခယူရန် ၂၀၁၀ ခုနှစ် သြဂုတ် ၁၀ ရက်က နေပြည်တော် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးရုံးအစည်း အဝေးခန်းမတွင် ကျင်းပခဲ့သော ဟင်းသီးဟင်းရွက်နဲ့ ပန်းမန်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချမှု ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတွင် ချမှတ်ထားပြီးဖြစ်သော်လည်း ပွဲရုံများမှလိုက်နာဆောင်ရွက်ခြင်း မရှိကြောင်းသိရပါတယ်။
မြန်မာနိုင်ငံ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံနဲ့ ပန်းမန်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (မန္တလေးတိုင်း ဒေသကြီး) အတွင်းရေးမှူး ကိုကျော်စိုးနိုင်က "၂၀၁၀ ခုနှစ်ထိကျင်းပတဲ့အစည်းအဝေးမှာ ပွဲခနှုန်းထားတွေကို ချမှတ်ခဲ့ပါတယ်။ ပြည်တွင်းရောင်းဝယ်ရာမှာ ပွဲခ ၅ ရာခိုင်နှုန်းထက် ပိုမယူဖို့၊ မူဆယ်ပွဲရုံများမှာ ပွဲခကို ၃ ရာခိုင်နှုန်းထက်ပိုမယူဖို့ ချမှတ်ခဲ့ပေ မယ့် ပွဲရုံတွေကလိုက်နာခြင်း မရှိတော့ တောင်သူတွေနစ်နာရ ပါတယ်။ တောင်သူက ကုန်စိမ်းသီးနှံဖြစ်တဲ့အတွက် မမာနိုင်ဘူး။ ပေးတဲ့နှုန်းယူပြီး ပွဲခဖြတ်သလောက်နဲ့ ရောင်းရပါ တယ်။ ရမည်းသင်းကလာတဲ့ စပျစ်သီးစိုက်တောင်သူတွေက မာနိုင်တယ်။ စပျစ်သီးက သူတို့ဆီကပဲရမှာ ဆိုတော့ တောင်သူအချင်းချင်းညှိနှိုင်းပြီး ပွဲခ ၁၀ ရာခိုင်နှုန်းဖြတ်ရင် မရောင်းဘူးလုပ်တဲ့အတွက် ပွဲရုံက ၅ ရာခိုင်နှုန်းနဲ့ ပွဲခယူပြီး ဝယ်ယူလိုက်ရတယ်။ ကျန်တဲ့ကုန်စိမ်းသီးနှံက မမာနိုင်တော့ ရောင်းရတာပဲ။ ဒါတောင် ပွဲညွန့်က သက်သက်ပေးရပြီး သာတန်းမဲသီးဆိုပြီး သစ်သီးဝလံဆို ၁၅ လုံးပေးရတယ်။ သာတန်းဆိုတာ အရင်တုန်းက ၁၀ လုံး တစ်ခါချရင် တာလီစိတ်မှတ်တဲ့အနေနဲ့ တစ်လုံးဖယ်ထားရာပေးလိုက်ရတဲ့သဘောပဲ။ မဲသီးက ပယ်တဲ့အသီးတွေကိုဖယ်ရင်းနဲ့ ပုံသေပေးနေရတယ်။ ပွဲရုံက အလုပ်သမားကအစ တောင်းချခ ဆိုပြီး ပေးရတယ်"လို့ ပြောပါတယ်။ မန္တလေးမြို့မှာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံပွဲရုံပေါင်း ၂၀၀ ကျော်ရှိပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဟင်းသီး ဟင်းရွက်နဲ့ သစ်သီးဝလံများကို မန္တလေးမြို့ရှိပွဲရုံများနဲ့ မူဆယ်ပွဲရုံများသို့ ရောင်းချရကြောင်း သိရပါတယ်။ ဇူးဇူး
