ရေလမ်းခရီးမှ မြေသြဇာတန်ချိန် တစ်ထောင့်သုံးရာကျော်ဝင်

ရေလမ်းခရီးမှ မြေသြဇာတန်ချိန် တစ်ထောင့်သုံးရာကျော်ဝင်ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၄ ရက် တာကာလအတွင်း မြေသြဇာတန်ချိန် ၁၃၉၃ ဒသမ ၁၆ တန်ဖိုးအားဖြင့် ကန် ဒေါ်လာလေးသိန်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာတော့ ရုရှား နိုင်ငံမှ မြေသြဇာတန်ချိန် ၅၀၄၊ ထိုင်းနိုင်ငံမှ ကောမတ်မြေသြဇာ တန်ချိန် ၅၀၄၊ နယ်သာလန်နိုင်ငံမှ တန်ချိန် ၈၅ ဒသမ ၁၆ နဲ့ တရုတ်နိုင်ငံမှ စူပါဖော့စဖိတ် မြေသြဇာတန်ချိန် ၃၀၀ တင်သွင်းခဲ့ပါတယ်။လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဇူလိုင်လရဲ့ မြေသြဇာအဝင်စုစုပေါင်းက တန်ချိန် ခုနစ်ထောင့်သုံးရာကျော်ရှိခဲ့ပြီး ဇွန်လရဲ့ မြေသြဇာအဝင်က တန်ချိန် သုံးထောင့်ခြောက်ရာကျော်ရှိခဲ့တာကြောင့် ဇူလိုင်လမှာ မြေသြဇာအဝင်က ဇွန်လ အဝင်ထက် နှစ်ဆနီးပါး ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။          MIRT (DOT)

 
မူဆယ်နဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဓာတ်မြေသြဇာတင်သွင်းမှုပိုမို
မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းများရဲ့ သြဂုတ်လ ၁ ရက်မှ ၇ ရက်ထိ ကာလအတွင်း ဓာတ်မြေသြဇာ နယ်စပ်အလိုက်တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁၁၃၉၆ တန်ခန့်၊ မြိတ်မှ ၁၆၅ တန်၊ ရိဒ်မှ ၁၄၇ တန်ကျော်နဲ့ ကော့သောင်းမှတန် ၃၀ အသီးသီးတင်သွင်းခဲ့ရာ ယခုအပတ် ဓာတ်မြေသြဇာတင်သွင်းမှုမှာ ကန်ဒေါ် လာ ၂ ဒသမ ၃၇၂ သန်း တန်ဖိုးရှိ ၁၁၇၃၈ တန်ကျော်ဖြစ်ပါတယ်။ ယခုအပတ်မှာ မူဆယ်နဲ့မြိတ်နယ်စပ်စခန်းမှ အသွင်းပိုသလို ယခင်အပတ်က အသွင်းမရှိခဲ့တဲ့ ကော့သောင်းနယ်စပ်မှ ယခုအပတ်မှာ အသွင်းရှိခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ယူရီး ယား၊ နိုက်တြစ်ဖော့စဖိတ်၊ ကွန်ပေါင်း ၁၀း၁၀း၅၊ စင်ဂဲလ်စူပါဖော့စဖိတ်နဲ့ ကွန် ပေါင်း ၁၅း၅း၅ တို့အများဆုံး တင်သွင်းခဲ့ပါတယ်။ ယူရီးယား ၁ တန်၊ မူဆယ်နယ် စပ်မှာ ၄၁၂ ဒေါ်လာနဲ့ ကော့သောင်းနယ်စပ်မှာ ၂၂၂ ဒေါ်လာ ဈေးပေါက်လျက် ရှိပါတယ်။                               MIRT(DOBT)ဈေးကွက်အတွင်း အရောင်းအေးနေတဲ့ ဓာတ်မြေသြဇာမော်လမြိုင်ဈေးကွက်မှာ  မိုးကလည်း ကောင်းလာတာကြောင့် အရောင်း အဝယ်က မိုးနဲ့အတူအေးလာသလို မြေသြဇာဈေးကလည်း တီစူပါ ၄၆% (သံကွင်း -တရုတ်)တစ်မျိုးပဲ ယခင်ဈေးထက် ၅၀၀ ကျပ်ဈေးကျလာပြီး ကျန်မြေသြဇာ ဈေးတွေက ပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ဈေးကွက်တွင်း အရောင်းအဝယ်ဖြစ်နေတဲ့ဈေးတွေက ပုလဲအသေး ၄၆% (ရွှေတုံး၊ ရွှေပျား၊ ရွှေ တောင်) တရုတ်က တစ်အိတ်ကို ၂၂၅၀၀ကျပ်၊ ကွန်ပေါင်း(အစိမ်း) ၁၅ ပတ်လည် (ထိုင်း) က ၃၄၀၀၀ ကျပ် ၊ ကွန်ပေါင်း ၁၅ ပတ်လည် (ပန်းရောင်) က ၃၀၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း)က ၂၉၀၀၀ ကျပ်၊ တီစူပါ ၄၆% (သံကွင်း-တရုတ်) ၂၃၀၀၀ ကျပ်နဲ့ တီစူပါ ၁၆% (မြားကမ္ဘာ-တရုတ်) က ၁၁၅၀၀ ကျပ်ဈေးလို့ သိရပါတယ်။ရန်ကုန်ဈေးကွက်မှာ မြေသြဇာက အရောင်းအေးတယ်လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ဒီတစ်ပတ်မှာတော့ ယူရီးယားမြေသြဇာနဲ့ ပိုတက် (ထိုင်း) ကဈေးမပြောင်းဘဲ ပိုတက်(အိန္ဒိယ)က ၉၀၀ ကျပ်၊ ကွန်ပေါင်း (နေရွက် လှေ-ထိုင်း)က ၄၀၀ ကျပ်နဲ့ ကွန်ပေါင်း ၁၅းရး၁၈ က ၃၀၀ ကျပ် ဈေးကျလာ တယ်လို့ သိရပါတယ်။ ဈေးကွက်အတွင်း ဒီတစ်ပတ် အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက ယူရီးယား(နေရွက်လှေ-တရုတ်) ၂၀၂၀၀ကျပ်၊ ယူရီးယား(ရွှေတောင်-တရုတ်) ၂၀၀၀၀ ကျပ်၊ တီစူပါ(သံကွင်း-တရုတ်) ၂၁၃၀၀ ကျပ်၊  ပိုတက်(အိန္ဒိယ) ၂၃၇၀၀ ကျပ်၊ ကွန်ပေါင်း (နေရွက်လှေ) က ၂၉၀၀၀ ကျပ်၊ ကွန်ပေါင်း(ရွက်လှေ) က ၃၈၂၀၀ ကျပ်၊ ကွန်ပေါင်း ၁၅းရး၁၈ ၃၃၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ ဒီတစ်ပတ်မြေသြဇာက ယခင်တစ်ပတ်ထက် ရောင်း အားတက်လာ တယ်။ မြေသြဇာဈေးေ တွက ယူရီးယား(ပန်းဖူး-တရုတ်)က ယခင် တစ်ပတ်ဈေးထက် ၉၀၀ ကျပ် ဈေးကျလာပြီး တီစူပါ၊  အာမိုမြေသြဇာတွေက ၂၀၀ ကျပ်မှ ၃၀၀ ကျပ်အတွင်းသာ ဈေးမြင့်လာတယ်လို့ ပြောပါတယ်။ ဒီတစ်ပတ် ဈေးကွက်အတွင်းဖြစ်ပေါ်နေတဲ့  ဈေးတွေက ယူရီးယား (ရွှေတောင်-တရုတ်) ၁၈၉၀၀ ကျပ်၊ ယူရီးယား-ပန်းဖူး (တရုတ်) ၁၉၆၀၀ ကျပ်၊ တီစူပါ (GTSP ၁၂%-တရုတ်) က ၇၆၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ (တရုတ်) ၃၆၅၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ က ၁၃၄၀၀ ကျပ်ဈေးနဲ့ ဈေးကွက်မှာ အရောင်းအဝယ်ဖြစ် နေတယ်လို့ သိရပါတယ်။              မကွေးဈေးကွက်မှာ မြေသြဇာဈေးတွေက မြားကမ္ဘာ-တရုတ် ၁၂း၁၃ က (အပြာ) ၁၇၀၀၀ ကျပ်၊ ဆင် ၁၀း၁၀း၅ က ၁၅၀၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ က ၁၅၅၀၀ကျပ်၊ အာမို ၁၅း၁၅း၁၅ က ၃၅၅၀၀ ကျပ်၊ အာမို ၁၆း၁၆း၈ က ၃၃၃၀၀ ကျပ်၊ ယူရီးယားပုလဲ(ပန်းဖူး- တရုတ်)က ၂၁၅၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ရွှေ တောင်-တရုတ်) ၂၀၅၀၀ ကျပ်၊ တီစူပါ (မြားနီ-တရုတ်) ၂၃၀၀၀ ကျပ်၊ တောင်သူ မက ၁၅၀၀၀ကျပ်၊ ပိုတက်က ၂၃၀၀၀ ကျပ်၊ အောင်ကမ္ဘာ ၁၀း၁၀း၅ က ၁၇၅၀၀ ကျပ်ဈေးတို့နဲ့ ပုံမှန်အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။  MIRT (DOT)