ဒီတစ်ပတ် ကောမတ်မြေသြဇာတစ်မျိုးသာဝင်

ဒီတစ်ပတ် ကောမတ်မြေသြဇာတစ်မျိုးသာဝင်သီတင်းတစ်ပတ်ဖြစ်တဲ့ သြဂုတ် ၁၂ ရက်မှ ၁၈ ရက်တာကာလအတွင်း မြေသြဇာ တန် ၂၅၀၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာလေးသောင်းကျော်ဖိုးကို ပင် လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တော့ ထိုင်းနိုင်ငံမှ ကောမတ်မြေသြဇာတစ်မျိုးသာ တင်သွင်းလာတာ တွေ့ရပါတယ်။ ယခင်တစ်ပတ် မှာလည်း မြေသြဇာတန်ချိန် လေးရာကျော်သာအဝင်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ယခင်တစ်ပတ်အဝင်တန်ချိန် ထက် ထက်ဝက်မျှ လျော့နည်းပြီး တင် သွင်းခဲ့တာတွေ့ရပါတယ်။ ကာလတူကာလဖြစ်တဲ့ ၂၀၁၁ ခုနှစ် သြဂုတ် ၁၂ ရက် မှ ၁၈ ရက် မြေသြဇာကအဝင်ကိုကြည့်ရင် တန်ချိန် တစ်ထောင့်ရှစ်ရာကျော်ရှိခဲ့ တာကြောင့် ယခုနှစ်မှာ အဝင်တန်ချိန် လျော့နည်းခဲ့ပါတယ်။   MIRT (DOT)

နယ်စပ် အသွင်းပိုနယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်မှ ဓာတ်မြေသြဇာမျိုးစုံ တန် ၁၆၀၉၀ ကျော်၊ မြိတ်မှ အမိုးနီးယမ်းဆာလ်ဖိတ် တန် ၁၀၀၀၊ ကော့သောင်းမှ အမိုးနီးယား ၁၁၃ တန်ခန့်နဲ့ ရိဒ်မှ ပိုတက်ရှ် ၁၀ တန်ခန့်နဲ့ ပုလဲဓာတ်မြေသြဇာ ၇၈ တန်ကျော်ကို သြဂုတ် ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်းမှာ တင်သွင်းမှုရှိခဲ့ပါတယ်။  နယ်စပ်စခန်းများမှ ကန်ဒေါ်လာ ၃ ဒသမ ၃၂၀ သန်းတန်ဖိုးရှိ ဓာတ်မြေသြ ဇာ ၁၇၂၉၁ တန်ကျော်တင်သွင်း ခဲ့ခြင်းဖြစ်ရာ ယခင်အပတ်တင်သွင်းမှုထက် တန် ၁၃၉၀ ကျော် ပိုမိုတင်သွင်းခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ယခုအပတ်မှာ ယူရီးယား ဓာတ်မြေဇာ၊ ကွန်ပေါင်း ၁၀း၁၀း၅၊ နိုက်တြစ်ဖော့စဖိတ်၊ ကွန်ပေါင်း ၁၅း၅း၅၊ စင်ဂဲလ်စူပါဖော့စဖိတ်တို့ အသွင်းများခဲ့ပါတယ်။ မူဆယ်မှာ ဓာတ်မြေသြဇာ ပေါက် ဈေးများကို ယခင်အပတ်နဲ့နှိုင်းယှဉ်တဲ့အခါ သိသိသာသာပြောင်းလဲမှုမရှိဘဲ ငွေလဲ နှုန်းအတက်အကျကြောင့်သာ အနည်းငယ် မျှ ပြောင်းလဲတာ တွေ့ရပါတယ်။ ၁၈-၈-၂၀၁၂                   ၁၁-၈-၂၀၁၂ ကျပ်       ဒေါ်လာ          ကျပ်       ဒေါ်လာ Urea                           ၃၆၀၀၀    ၄၁၁ .၉၅      ၃၆၀၀၀၀    ၄၁၂ .၅၇၉ Compound ၁၀း၁၀း၅    ၂၂၀၀၀၀    ၂၅၁ .၇၃၀    ၂၂၀၀၀၀    ၂၅၂ .၂၀၀ Compound ၁၅း၁၅း၁၅    ၄၀၀၀၀    ၄၅၇ .၇၁၄    ၄၀၀၀၀      ၄၅၈ .၄၉၁MIRT(DOBT) ဈေးနှုန်းပုံမှန်လေးနဲ့ ဈေးကွက်မှာရှိနေတဲ့ ဓာတ်မြေသြဇာမော်လမြိုင်ဈေးကွက်မှာအရောင်းထိုင်းတယ်လို့ မြေသြဇာအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ် ။ မြေသြဇာကလည်း  အသုံးနည်းနေတာကြောင့် အရောင်းအဝယ်လည်း တော်တော်လေးအေးနေတယ် လို့ ပြောပါ တယ်။ အရောင်း အဝယ်အေးနေတာကြောင့် အတက်အကျမရှိဘဲ ငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေး ကွက်အတွင်း ဖြစ်ပေါ်နေတဲ့ဈေးနှုန်းက ယခင်တစ်ပတ်ဈေးအတွင်း ပုလဲအသေး ၄၆% (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်) တရုတ်က တစ်အိတ်ကို ၂၁၅၀၀ ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း၁၅(ထိုင်း)က ၃၄၀၀၀ ကျပ် ၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း) က ၂၉၀၀၀ ကျပ်၊ တီစူပါ ၄၆%(သံကွင်း-တရုတ်) ၂၂၀၀၀ ကျပ်နဲ့ တီစူပါ ၁၆%(မြားကမ္ဘာ-တရုတ်) က ၁၁၀၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ရန်ကုန်မြေသြဇာဈေးကွက်တွင်  အရောင်းအေးတယ်လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ အရောင်းအေးသလို ဈေးကလည်း ငြိမ်နေတယ်။ ဒီတစ်ပတ်နဲ့ဆိုရင် အရောင်းအေးနေတာနှစ်ပတ်ကျော်ရှိနေပြီလို့ အဆိုပါဝန်ထမ်းမှ ပြောပါတယ်။ ဒီတစ်ပတ် မြေသြဇာဈေးကလည်း ယခင်တစ်ပတ်ဈေးအတိုင်း ယူရီးယား(နေရွက်လှေ)၂၀၂၀၀ ကျပ်၊ ယူရီးယား (ရွှေတောင်-တရုတ်)၂၀၀၀၀ ကျပ်၊ တီစူပါ(သံကွင်း-တရုတ်) ၂၁၃၀၀ ကျပ်၊ ပိုတက်(ထိုင်း) ၃၅၀၀၀ ကျပ်၊ ပိုတက် (အိန္ဒိယ) ၂၃၇၀၀ ကျပ်၊ ကွန်ပေါင်း (နေရွက်လှေ) က ၃၈၆၀၀ ကျပ်၊ ကွန်ပေါင်း (၂၅းရး၇) က ၃၅၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၅း၁၅း၁၅ (အမ်-တရုတ်) က ၂၈၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၅းရး၁၈ ၃၃၀၀၀ ကျပ်နဲ့ ကွန်ပေါင်း (ရွက်လှေ-တရုတ်) ၂၉၀၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ ဓာတ်မြေသြဇာက အရောင်းသွက်တယ်လို့ မြေသြဇာ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ အရောင်းသွက်ပေမဲ့ ဒီတစ်ပတ် မြေသြဇာဈေးက ယခင်တစ်ပတ်ဈေးထက် ယူရီးယား(ရွှေတောင်-တရုတ်)က သုံးရာ ကျပ်၊ ယူရီးယား(ပန်းဖူး-တရုတ်) ၇၀၀ ကျပ်ဈေးကျပြီး၊ တီစူပါ (GSSP  ၁၆%-တရုတ်)နဲ့ တီစူပါ(GTSP  ၄၆%-တရုတ်) ၅၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅(တရုတ်)က ယခင်ဈေးအတိုင်းငြိမ်နေကာ တီစူပါ (GTSP ၄၆%-တရုတ်) ၅၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ က တစ်ရာကျပ်ဈေးမြင့်ပြီး ဈေးကွက်ထဲအရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးတွေက ယူရီးယား (ရွှေ တောင်-တရုတ်) ၁၈၇၀၀ ကျပ်၊ ယူရီးယား-ပန်းဖူး (တရုတ်) ၁၉၁၀၀ ကျပ်၊ တီစူပါ (GSSP  ၁၆%-တရုတ်) ၈၈၀၀ ကျပ်၊ တီစူပါ (GTSP ၄၆%-တရုတ်) က ၂၀၇၀၀ ကျပ်၊ တီစူပါ (GTSP ၁၂%-တရုတ်) ၈၁၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ (တရုတ်) ၃၆၅၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ က ၁၃၈၀၀ ကျပ် ဈေးအသီးသီးရှိတယ်လို့ သိရပါတယ်။မကွေးဈေးကွက်မှာ အရောင်းအေးနေတယ်လို့ အရောင်းဆိုင်မှ ဝန်ထမ်း တစ်ဦးက ဆိုပါတယ်။ ဒီတစ်ပတ်မြေသြဇာဈေးတွေက ယခင်တစ်ပတ်ဈေးထက် မြားကမ္ဘာ-တရုတ် ၁၂း၁၃(အပြာ)(အစိမ်း)က ၁၅၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅က နှစ်ရာကျပ်၊ အာမို ၁၆း၁၆း၈ က ၁၃၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၅၀၀ ကျပ်၊ အောင်ကမ္ဘာ ၁၀း၁၀း၅ က ၂၃၀၀ ကျပ်ဈေးလျော့ပြီး တောင်သူမက နှစ်ရာကျပ်နဲ့ ပိုတက်က ၁၅၀၀ ကျပ်ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအ ဝယ်ဖြစ်နေတဲ့ဈေးတွေက မြားကမ္ဘာ-တရုတ် ၁၂း၁၃ (အပြာ)(အစိမ်း)က ၁၅၅၀၀ ကျပ်၊ ဆင် ၁၀း၁၀း၅ က ၁၅၀၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ က ၁၅၅၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ က ၃၅၃၀၀ ကျပ်၊ အာမို ၁၆း၁၆း၈ က ၃၂၀၀၀ ကျပ်၊ ယူရီးယားပုလဲ(ပန်းဖူး- တရုတ်)က ၂၁၀၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၂၀၅၀၀ ကျပ်၊ တီစူပါ (မြားနီ-တရုတ်) ၂၃၀၀၀ ကျပ်၊ တောင်သူမက ၁၅၂၀၀ ကျပ်၊ ပိုတက်က ၂၄၅၀၀ ကျပ်၊ အောင်ကမ္ဘာ ၁၀း၁၀း၅ က ၁၅၂၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ကြောင်းသိရပါတယ်။MIRT (DOT)