ကုန်သွယ်မှု ပြန်လည်စတင်လာနိုင်သော ကန်ပိုက်တီး(စခန်း)
မြန်မာနိုင်ငံမြောက်ပိုင်း မြန်မာ-တရုတ် နှစ် နိုင်ငံရဲ့ နယ်စပ်ကုန်သွယ်မှုစခန်းပေါက်တစ်ခုဖြစ် တဲ့ ကန်ပိုက်တီးစခန်းမှ ယခင်ဘဏ္ဍာနှစ် (၂၀၁၁-၂၀၁၂) မှာ ပို့ကုန် ကန်ဒေါ်လာ ၈ ဒသမ ၇၁၂ သန်း၊ သွင်းကုန် ကန်ဒေါ်လာ ၁၂၇ ဒသမ ၅၅၀ သန်း ဆောင်ရွက်နိုင်ခဲ့၍ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁၃၆ ဒသမ ၂၆၂ သန်း ဆောင်ရွက် နိုင်ခဲ့ပါတယ်။
ယခုဘဏ္ဍာနှစ် ၂၀၁၂-၂၀၁၃ ခုနှစ် မှာ ဧပြီ ၂၅ရက်အထိသာ ကုန်သွယ်မှု ဆောင်ရွက် နိုင်ခဲ့တဲ့အတွက် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၅ ဒသမ ၀၂၂ သန်းသာ ဆောင်ရွက်နိုင်ခဲ့ပါ တယ်။ ကုန်သွယ်မှု လျော့နည်းကျဆင်းခဲ့ရတဲ့ အကြောင်းရင်းကတော့ ဧပြီ ၂၆ ရက်မှာ မြစ် ကြီးနား-ကန်ပိုက်တီး ကုန်သွယ်မှုလမ်းကြောင်း ပေါ်မှာရှိတဲ့ လနတံတား(ဒေသအခေါ်) ခုနစ်ရောင် စုံတံတားအား ဖောက်ခွဲဖျက်ဆီးခဲ့၍ တံတားပေ အရှည် ၁၂၀ ခန့်ရှိသည့်အနက် အရှည်ပေ ၁၀၀ ခန့်မှာ ကျိုးကျပျက်စီးခဲ့ရပါတယ်။ ဒီလို တံတား ပျက်စီးခဲ့တဲ့အတွက် မြစ်ကြီးနား-ကန်ပိုက်တီးလမ်း လမ်းကြောင်းလုံခြုံရေး အခြေအနေတွေကြောင့် ကုန်သွယ်မှုတွေ ရပ်ဆိုင်းခဲ့ပါတယ်။ ယခုအခါမှာ တော့ ၎င်းင်းကျိုးကျပျက်စီးနေတဲ့ လနတံတားပြန် လည်ပြင်ဆင်ခြင်း မရှိသေးသော်လည်း လမ်းပိုင်း လုံခြုံရေး အခြေအနေတွေ အနည်းငယ်ပြန်လည် ကောင်းမွန်လာခြင်းနဲ့ မြစ်ကြီးနားမှာ သွင်းကုန် ပစ္စည်းတွေ ရှားပါးပြတ်လပ်နေတဲ့အတွက် လုပ်ငန်း ရှင် ကုန်သည်အချို့က စမ်းသပ်တဲ့သဘောမျိုးနဲ့ ကုန်သွယ်မှုပြန်လည်စမ်းသပ်လုပ်ကိုင်နိုင်ရန်စီစဉ် လျက်ရှိပါတယ်။ ၎င်းင်းတံတားကျိုးတဲ့နေရာမှာ ရေ စီးကြမ်းတာကြောင့် ဒေသခံတွေက ဝါးတံတားသေး တစ်ခုထိုးကာ လူကူးသန်းရန် စီစဉ်ထားတဲ့အပြင် လက်ညှိုးလုံး ခန့်သံကေဘယ်ကြိုးဖြင့် ပုခက်ပြုလုပ် ပြီး တစ်ကြိမ်ကူးလျှင် လူသုံးဦးခန့်ကူးနိုင်အောင် လည်း စီစဉ်ထားပါတယ်။ ၎င်းင်းပုခက်မှနေ၍ ကုန် စည်များကိုအလီလီသယ်ပြီး ကုန်သွယ်မှုစမ်းသပ် လုပ်ကိုင်ဖို့ စီစဉ်ခဲ့တာကြောင့် ၂၀၁၂ ခုနှစ်၊ သြဂုတ် ၁၆ ရက်တွင် ဝန်ပေါ့ပစ္စည်းတွေဖြစ်တဲ့ ကလေးသေးခံ၊ တီရှပ်၊ ကျား/မဝတ်အတွင်းခံ စတဲ့ သွင်းကုန်ပစ္စည်း ဒေါ်လာ သုည ဒသမ ၀၀၄ သန်းခန့် စမ်းသပ်တင်သွင်းနိုင်ခဲ့ပါတယ်။ ပစ္စည်း သယ်ဆောင်ရာမှာ ကန်ပိုက်တီးမှ တံတားကျိုးကျ တဲ့နေရာထိ ကားဖြင့်သယ်ဆောင်ပြီး တံတားကျိုး တွင် အလီလီကဲ့၍ တံတားအားဖြတ်ကူးကာ တံတားကျိုးမှမြစ်ကြီးနားသို့ ကားဖြင့် ပြန်လည် သယ်ဆောင်ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ယခုနှစ် မှာ မိုးများခြင်းကြောင့် တောင်ပြိုလမ်းပိတ် ခြင်းများလည်း မကြာခဏ ဖြစ်ပေါ်လျက်ရှိပါ တယ်။ ဒါ့ကြောင့် မြစ်ကြီးနားမှ ကန်ပိုက်တီး ကိုလာမယ်ဆိုရင် ဆိုင်ကယ်နဲ့ ဒေသခံအချို့သာ သွားလာမှုရှိတာကို တွေ့ရပါတယ်။ မည်သို့ပင် ဖြစ်စေ မိမိတို့နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနရဲ့ ရည်မှန်းချက်တာဝန်ဖြစ်တဲ့ ကုန်သွယ်မှုပမာဏ တိုးတက်ရေးအတွက် အခက်အခဲများကြားမှ ကုန်သွယ်မှုပြန်လည်စတင်လာနိုင်ရန် ဆောင်ရွက် နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ကုန်သည်လုပ်ငန်းရှင် များအပိုင်းမှလည်း ကြိုးစားဆောင်ရွက်ကြမှာ ဖြစ်လို့ နောင်လာမယ့်ရက်များတွင်လည်း အခြေ အနေအရပ်ရပ် ကောင်းမွန်လာပါက ကုန်သွယ်မှု များပြန်လည် ဆောင်ရွက်လာနိုင်တာနဲ့အညီ ကုန် သွယ်မှုပြန်လည်တိုးတက်လာတော့မှာ ဖြစ်ပါ တယ်။
