ဗီယက်နမ်နဲ့ ဆန်ထုတ်လုပ်မှု ပူးပေါင်းခြင်းနဲ့ ပတ်သက်လို့ ထိုင်းလယ်သမားများ စိုးရိမ်
ထိုင်းနိုင်ငံရဲ့ ဆန်ထုတ်လုပ်မှုမှာ ပူးပေါင်းဖို့အတွက် ဗီယက်နမ်ရဲ့ အဆိုပြုချက်နဲ့ ပတ်သက်လို့ ထိုင်းလယ်သမား အသင်း(TFA)မှစိုးရိမ်မှုများ ရှိလာကြောင်း သိရပါတယ်။ ဗီယက်နမ်နိုင်ငံဟာ တန်းနိမ့်ဆန်ဈေးကွက်မှာ အိန္ဒိယရဲ့ ယှဉ်ပြိုင်မှု တိုးလာခြင်းနဲ့ ဈေးနှုန်းအပြောင်းအလဲများခြင်းကို ကျော်လွန်နိုင်ဖို့ နိုင်ငံတကာဈေးကွက်မှာ အရည်အသွေး မြင့်ဆန်အနေနဲ့ ဗီယက်နမ်အမှတ်တံဆိပ်တစ်ခု ထူထောင်ဖို့ ကြိုးစားနေပါတယ်။
ဇူလိုင်လမှာ ကျင်းပခဲ့တဲ့ အစည်းအဝေးတစ်ခုမှာ ဧရာ ဝတီ- ကျောက်ဖရား၊မဲခေါင်ဒေသစီးပွားရေးပူးပေါင်းမှု ဗျူဟာ အရ ဗီယက်နမ်နိုင်ငံဟာ ထိုင်းနိုင်ငံနဲ့ ဆန်ထုတ်လုပ်မှု ပူး ပေါင်းဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် TFA ဥက္ကဋ္ဌမှ ပြောကြားရာမှာ ထိုင်းဆန်စပါးလုပ်ငန်း ထိခိုက်ပျက်စီးနိုင်တာ ကြောင့် အဲဒီပူးပေါင်း ဆောင်ရွက်ဖို့ အစိုးရအနေနဲ့ သဘော မတူသင့်ဘူးလို့ ဆိုပါတယ်။ အဲဒီလို ပူးပေါင်းမယ့်အစား အစိုးရအနေနဲ့ တောင်သူ တွေဆုံးရှုံးမှု ၆၀ ရာခိုင်နှုန်းခန့် ဖြစ်ပေါ်စေတဲ့ ၎င်းင်းတို့ရဲ့ စပါး အစိုဓာတ်ပြဿနာ လျှော့ချနိုင်ရေး ပြည်တွင်းတောင်သူ တွေရဲ့ ဆန်အရည်အသွေး ကောင်းမွန်စေရေး ကူညီမှုတွေကို အလေးထားသင့်တယ်လို့ ၎င်းင်းကဆိုပါတယ်။ တောင်သူများ ဟာ ဆန်စပါး အပေါင်ခံအစီအစဉ် အတွက် ချမှတ်တဲ့ အသုံး စရိတ်များစွာထဲက ၄၀ ရာခိုင်နှုန်းသာ ခံစားရမှာဖြစ်ပြီး၊ ကျန် တဲ့ ပမာဏကိုတော့ ဆန်စက် လုပ်ငန်းရှင်များရဲ့ ဆန်တွေ ထိန်းသိမ်းဖို့ ဆိုင်များ၊ စီမံခန့်ခွဲမှုစရိတ်များနဲ့ အခြား မမျှော် မှန်းနိုင်တဲ့ အသုံးစရိတ်တွေအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ တစ်ချိန်ထဲမှာထိုင်းကုန်သည်များ အသင်းရဲ့ တက္ကသိုလ် (UTCC)မှ ဒုတိယ ဥက္ကဋ္ဌတစ်ဦးမှ ပြောကြားရာ မှာ ထိုင်း နိုင်ငံအနေနဲ့ ဗီယက်နမ်နဲ့ ဆန်ထုတ်လုပ်မှု ပူးပေါင်းခြင်းနဲ့ ပတ်သက်လို့ အထူးဂရုပြုသင့်တယ်လို့ ဆိုပါတယ်။လဝန်း၊Source: oryza.com
