အီရတ်နှင့် နိုက်ဂျီးရီးယား၏ ဆန်ဝယ်လိုအားကြောင့် ထိုင်းဆန်ဈေးမြင့်မားလာ

ထိုင်းနိုင်ငံတွင် ဆန်သိုလှောင်ထားမှု များစွာရှိနေသော်လည်း ယခုရက်ပိုင်းမှာ ထိုင်းဆန်ကို အီရတ်နဲ့ နိုက်ဂျီးရီးယားမှ ဝယ်လိုအားရှိနေရာ သြဂုတ်လ ၃၁ ရက်နေ့မှစပြီး ထိုင်းဆန်ဈေးနှုန်းတွေက တစ်တန်ကို ၅ ဒေါ်လာစီ ဈေးမြင့်လာတယ်။ သြဂုတ်လ ၃၁ ရက်က တစ်တန်ကို ၅၇၀ ဒေါ်လာသာရှိနေတဲ့ ထိုင်းဆန်ဖြူ ၁၀၀ ရာခိုင်နှုန်း အမျိုးအစားက စက်တင်ဘာလ ၁ ရက်နေ့မှစပြီး တစ်တန်ကို ၅၈၀ ဒေါ်လာအထိ ၁၀ ဒေါ်လာ ဈေးမြင့်လာတယ်။

အီရတ်က ထိုင်းဆန်ဖြူ (၅ ရာခိုင်နှုန်း ဆန်ကွဲ) တန်ချိန် ၇၀၀၀၀ ကို ဝယ်လိုအားရှိနေရာ လက်ရှိ၎င်း အမျိုး အစား ဈေးနှုန်းမှာတစ်တန်ကို ၅၇၀ ဒေါ်လာဖြစ်လာတယ်။ သြဂုတ်လနှောင်းပိုင်းကနှုန်းထားထက် တစ်တန် ကို ၅ ဒေါ်လာ ဈေး မြင့်လာတယ်။ ပြည်ပဝယ်လိုအားကြောင့်ထိုင်းဆန်ဖြူ (၂၅ ရာခိုင်နှုန်း ဆန်ကွဲ)မှာဆန်ဖြူ ၁၅ ရာခိုင်နှုန်းနဲ့ဈေးနှုန်းမှာ အတူ တူ ဖြစ်လာပြီး တစ်တန်ကို ၅၅၅ ဒေါ်လာဖြစ်လာတယ်လို့  riceonline website မှာ ဖော်ပြထားတယ်။ သြဂုတ်လနှောင်းပိုင်းက ထိုင်းဆန်ဖြူ ၂၅ ရာခိုင်နှုန်း ဈေးနှုန်းမှာ တစ်တန်ကို ၅၄၅ ဒေါ်လာသာ ရှိနေခဲ့တယ်။ှSource:riceonline.com, businessdayonline.com,ပပ