ဗီယက်နမ်ဆန်ကို တရုတ်နှင့် ထိုင်းနိုင်ငံသို့ နယ်စပ်မှတစ်ဆင့် မှောင်ခိုစနစ်ဖြင့် တင်ပို့ရောင်းချမှုများနေ

ဗီယက်နမ်ဆန်များကို တရုတ်နဲ့ ထိုင်းနိုင်ငံကို နယ်စပ်မှ တစ်ဆင့် မှောင်ခိုစနစ်နဲ့ တင်ပို့ရောင်းချမှု များလာရာ ဆန် တင်ပို့သူတွေအနေနဲ့ ၎င်း တို့တင်ပို့ဖို့ စာချုပ်ချုပ်ဆိုထားတဲ့ ပမာဏရရှိအောင် ဈေးကွက်အတွင်းမှ ဆန်ဝယ်ယူ ဖို့ခက်ခဲ နေကြောင်း ဗီယက်နမ်စားနပ်ရိက္ခာအသင်း (VFA) က ပြော ကြားလိုက်တယ်။

ဗီယက်နမ်မှဆန်တင်ပို့သူတွေက ယခုနှစ်ဇူလိုင်လနဲ့ သြဂုတ်လအတွင်း ဆန်တင်ပို့ဖို့ စာချုပ်များစွာ ချုပ်ဆိုခဲ့ရာ သြဂုတ်လ ၃၁ ရက်နေ့အထိ ကာလအတွင်း ဆန်တန်ချိန် စုစုပေါင်း ၆ ဒသမ ၈ သန်း တင်ပို့ပြီးစီးရမှာဖြစ်တယ်။ ၎င်း ပမာဏက ယခင်နှစ်အလားတူကာလကထက် ၁၃ ရာခိုင်နှုန်း မြင့်မားကြောင်းVFA  က ပြောကြားတယ်။ ဒါ့အပြင် ဗီယက်နမ်ဆန်တင်ပို့သူများက စက်တင်ဘာ နောက်ပိုင်းမှစပြီး ဆန်တန်ချိန် ၁ ဒသမ ၇ သန်း ထပ်မံ တင်ပို့ရဖွယ်ရှိသော်လည်း ဆန်တင်ပို့သူတွေဆီမှ ဆန်သို လှောင်ထားမှုများစွာ မရှိရာ VFA က တင်ပို့ဖို့ ဆန်လုံ လုံလောက်လောက်သိုလှောင်ထားကြဖို့ အကြံပြုထားတယ်လို့ သိရတယ်။ စာချုပ်ချုပ်ဆိုထားတဲ့အတိုင်း ဆန် တင်ပို့နိုင်ခြင်း မရှိပါက ဆန်ဝယ်ယူဖို့ စာချုပ်ချုပ်ဆိုထားတဲ့ နိုင်ငံတွေက ဒဏ်ကြေး တောင်းခံလိမ့်မယ်လိ့ု VFA က ဆန်တင်ပို့သူတွေ ကို သတိပေးထားတယ်။ပပ၊Source: (blackseagrain.net)