ဆင်းရဲနွမ်းပါးမှု ပထဝီဝင်

ကမ္ဘာ့လူဆင်းရဲတွေ ဘယ်မှာနေသလဲ မေး ခဲ့လျှင် အရှင်းဆုံးအဖြေမှာ ဆင်းရဲတဲ့နိုင်ငံတွေမှာ နေသည်ဟု ဖြေကြပါလိမ့်မည်။ သို့သော်လည်း  ဗြိတိန်နိုင်ငံရှိ  ဖွံ့ဖြိုးမှုလေ့လာရေးသိပ္ပံမှ သုတေ သီ အင်ဒီဆမ်းမားက လူတိုင်းသိထားသည့် ထို အဖြေမှာ မှားနေသည်ဟုဆိုသည်။ တစ်နေ့ဝင်ငွေ ၂ ဒေါ်လာအောက်ဖြင့် အသက်မွေးနေကြရသည့် ကမ္ဘာ့ဆင်းရဲသားထု၏ ငါးပုံလေးပုံသည် ဝင်ငွေ အလယ်အလတ်တန်းရှိသည့် နိုင်ငံများတွင် နေ ထိုင်လျက်ရှိကြောင်း တွေ့ရသည်ဟုဆိုသည်။ နိုင်ငံ သားတစ်ဦးချင်း တစ်နှစ် ပျမ်းမျှဝင်ငွေ ဒေါ်လာ ၁၀၀၀မှ ၁၂၅၀၀ အထိရရှိကြသည့် နိုင်ငံများကို အလယ်အလတ်ဝင်ငွေရ နိုင်ငံများဟု သတ်မှတ် ထားခြင်းဖြစ်သည်။ ထိုတွေ့ရှိချက်သည် ကာလ တာရှည်စွာ ထူးထူးခြားခြား စီးပွားရေးဖွံ့ဖြိုးတိုး တက်ခဲ့သော  ဖွံ့ဖြိုးဆဲနိုင်ငံများသည်   ဝင်ငွေ အလယ်အလတ်နိုင်ငံအဆင့်သို့  လှမ်းတက်လာ ခဲ့သော်လည်း ထိုနိုင်ငံများမှ လူနည်းစုသည် ဆင်း ရဲနွမ်းပါးမှု နွံထဲမှာသာ   ကျန်ရစ်နေခဲ့ကြသည်ကို ထင်ဟပ်ပြလျက်ရှိသည်။   ထိုနိုင်ငံများထဲတွင် တရုတ်နှင့် အိန္ဒိယတို့လို နိုင်ငံကြီးများ ပါဝင်နေ သဖြင့် လူနည်းစုဟု ဆိုသော်လည်း အရေအတွက် အားဖြင့်တော့ အလွန်များပြားနေသည်။

ယင်းအခြေအနေသည်  အရေးပါသော ပြဿနာတစ်ရပ်ဖြစ်သည်။ ဝင်ငွေအလယ်အလတ် ရရှိနေသည့် နိုင်ငံများသည် မိမိနိုင်ငံထဲမှ ဆင်းရဲ နွမ်းပါးမှုပြဿနာကို  ကိုယ့်ဘာသာ ဖြေရှင်းနိုင် သောကြောင့်ဖြစ်သည်။ ကိုယ့်နိုင်ငံထဲက ဆင်းရဲ နွမ်းပါးမှုပြဿနာကို ဖြေရှင်းရန် နိုင်ငံခြားအကူ အညီလက်ခံရယူဖို့မသင့်တော့ချေ။ ဝင်ငွေအလယ် အလတ်နိုင်ငံများကို ကူညီသင့်သည့် အကောင်းဆုံး နည်းလမ်းမှာ ပြည်တွင်းမူဝါဒများတွင် ဆင်းရဲသား တို့အရေးကို ပိုမိုအလေးပေးရန် တိုက်တွန်းဆော် သြခြင်းသာဖြစ်သည်။  သို့သော်လည်း လာမည့် ၂၀၂၅ ခုနှစ်ရောက်လျှင် ကမ္ဘာ့လူဆင်းရဲအများစု သည် ဝင်ငွေနိမ့်သောနိုင်ငံများတွင် ပြန်လည်စုပြုံ အုံခဲမိကြလိမ့်မည်ဟူသော ဘရွတ်ကင်းသိပ္ပံမှ သု တေသီ၊ ဟိုမီခါးရက်စ်နှင့် ဗြိတိန်နိုင်ငံ၊ နိုင်ငံရပ် ခြားဖွံ့ဖြိုးမှုသိပ္ပံမှသုတေသီ၊  အင်ဒရူးရော်ဂျာဆန် တို့၏ အဆိုက  အင်ဒီဆမ်းမား၏  တွေ့ရှိချက်ကို စိန်ခေါ်နေသည်။ ဝင်ငွေအလယ်အလတ်  နိုင်ငံ များတွင် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်း တိုး တက်လာမှုကြောင့်  ဆင်းရဲနွမ်းပါးမှု ဆက်လက် လျော့ကျသွားမှာဖြစ်သော်လည်း ပြိုပျက်လွယ် သည့်နိုင်ငံများ (Fragile States) တွင် လူဆင်းရဲ ဦးရေ တိုးပွားလာလိမ့်မည်ဟုဆိုသည်။ ပြည်သူ ပြည်သားတို့၏မျှော်လင့်ချက်ကို ဖြည့်ဆည်းမပေး နိုင်ခြင်း(သို့မဟုတ်) နိုင်ငံရေးလုပ်ငန်းစဉ်ဖြင့် ထို မျှော်လင့်ချက်ကို  ကိုင်တွယ်ခန့်ခွဲနိုင်မှု မရှိခြင်းကို ပြိုပျက်လွယ်သည့်နိုင်ငံဟုသုတေသီတို့ကအဓိပ္ပာယ် ဖွင့်ထားသည်။ပြိုပျက်နိုင်ခြေ  မရှိသော နိုင်ငံများတွင် ၁၉၉၀ ပြည့်နှစ်က လူဆင်းရဲဦးရေ သန်း ၂၀၀၀ နီးပါးရှိခဲ့ရာမှ ယခုအခါ သန်း ၅၀၀ ခန့်အထိလျော့ နည်းသွားသည်။ ၂၀၂၅ ခုနှစ်ရောက်လျှင် သန်း ၂၀၀ ခန့်အထိ ဆက်လက်လျော့ကျသွားနိုင်သည် ဟု သုတေသီခါးရက်စ်နှင့် ရော်ဂျာဆန်တို့က တွက် ပြသည်။ သို့သော်လည်း ပြိုပျက်လွယ်သည့် နိုင်ငံ များတွင် အခြေတကျ  မနေနိုင်ခြင်း၊ လူဦးရေ တိုးပွားနှုန်း မြန်ဆန်ခြင်းတို့ကြောင့် ဆင်းရဲသားဦး ရေ များပြားလာဦးမည်ဖြစ်သည်။ ထိုနိုင်ငံများတွင် ၁၉၉၀ ပြည့်နှစ်ကတည်းက  ဆင်းရဲနွမ်းပါးသူဦး  ရေ သန်း ၅၀၀ ခန့်ရှိခဲ့ရာ ၂၀၂၅ ခုနှစ်အထိ ထို အရေအတွက်မှ  ပြောင်းလဲသွားနိုင်မှာ မဟုတ်ဟု ဆိုသည်။ဝင်ငွေအလယ်အလတ် ရရှိသော်လည်း ပြို ပျက်လွယ်သည့်  နိုင်ငံများ  (Middle-income fragile or failed States) တွင်   အီရတ်၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်နှင့် ယီမင်နိုင်ငံတို့ ပါဝင် လျက်ရှိရာ ထိုနိုင်ငံများမှာ အရွယ်အစားကြီးမား ပြီး၊ လူဦးရေများပြားသော နိုင်ငံများဖြစ်နေသည်။ ထိုနိုင်ငံများတွင် တစ်နေ့ဝင်ငွေ တစ်ဒေါ်လာနှင့် ၂၅ ဆင့်အောက်သာ ရရှိကြသည့် ကမ္ဘာ့လူဆင်းရဲ ဦးရေ၏ငါးပုံတစ်ပုံ နေထိုင်လျက်ရှိသည်။ ယနေ့ ဆင်းရဲနိုင်ငံအချို့သည် ၂၀၃၀ ပြည့်နှစ်ရောက်လျှင် ဝင်ငွေအလယ်အလတ်နိုင်ငံအဆင့်သို့ ရောက်ရှိ ကြမည်ဖြစ်၍ ထိုအချိန်သို့ရောက်လျှင် ကမ္ဘာ့ဆင်း ရဲသားအားလုံး၏ သုံးပုံတစ်ပုံသာလျှင် ဝင်ငွေနိမ့် သောနိုင်ငံများတွင် ကျန်ရှိနေလိမ့်မည်။ ယနေ့ ဆင်းရဲနိုင်ငံများရှိ ဆင်းရဲသားဦးရေသည် ၂၀၃၀ ပြည့်နှစ်ရောက်သည့်တိုင် ၂၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိသာ တိုးပွားလာနိုင်သည်။ သို့ဖြစ် ၍ ဝင်ငွေနိမ့်သောနိုင်ငံနှင့် ဝင်ငွေအလယ်အလတ် နိုင်ငံတို့တွင်နေထိုင်ကြသည့်  ဆင်းရဲနွမ်းပါးသူ ဦး ရေအချိုးအစားမှာ အကြမ်းဖျင်းအားဖြင့် ညီတူ ညီမျှသာရှိနိုင်သည် ဟု သုတေသီအင်ဒီဆမ်းမားက တွက်ချက်သည်။သုတေသီတို့၏ခန့်မှန်းတွက်ချက်မှုတွင် ကွာ ဟချက်ရှိနေရခြင်းမှာ မျက်မှောက်ကာလအခြေ အနေနှင့် ၂၀၂၅ ခုနှစ်တွင်ဖြစ်နိုင်မည့် ခန့်မှန်း ခြေတို့အပေါ် အခြေပြုနှိုင်းယှဉ်ခြင်းကြောင့်ဖြစ် သည်။ ဝင်ငွေအလယ်အလတ်နိုင်ငံများတွင် ဆင်း ရဲနွမ်းပါးသူဦးရေ လျော့ကျသွားမည်ဖြစ်ပြီး၊ ဝင်ငွေ နိမ့်သည့်နိုင်ငံများတွင် ဆင်းရဲသားဦးရေ တိုးပွား လာမည်ဟူသောအဆိုတွင် သဘောတူကြသည် သာဖြစ်သည်။ သို့သော်လည်း  သုတေသီ အင်ဒီ ဆမ်းမားက ဝင်ငွေနိမ့်သောနိုင်ငံများတွင် တိုး ပွားလာမည့်ဆင်းရဲသားဦးရေမှာ အခြားသုတေသီ များ ခန့်မှန်းထားသလောက် တိုးပွားလာမှာမဟုတ် ကြောင်း ငြင်းဆိုခြင်းသာဖြစ်သည်။ ၂၀၃၀ ပြည့် နှစ်ရောက်လျှင် ကမ္ဘာ့မည်သည့်နေရာဒေသတွင် မဆို ဆင်းရဲနွမ်းပါးသူဦးရေ လျော့နည်းကျဆင်း သွားမည်သာဖြစ်သည်ဟုဆိုသည်။ ၂၀၃၀ ပြည့်နှစ် အတွက် ဆင်းရဲနွမ်းပါးမှုကို မည်သို့ပင် ခန့်မှန်း ထားသည်ဖြစ်စေ ထိုခန့်မှန်းချက်မှာ  နိုင်ငံကြီး အချို့၏  စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ်တွင် မူတည်ပြောင်းလဲသွားနိုင်သည်။ ထို့ကြောင့် ခန့် မှန်းချက်အားလုံးကို  လောလောဆယ်မှာ သိမ်း ဆည်းမှတ်သား ထားရုံသာရှိပါသည်ဟု အင်ဒီဆမ်း မားနှင့်တွဲဖက်၍ စာတမ်းရေးသားခဲ့သူ သုတေသီ၊ ချားလ်စ်ကင်နီက မှတ်ချက်ချသည်။Ref; The Economist.