ထိုင်း၊ ဗီယက်နမ်နဲ့ တရုတ်မှ မြေသြဇာများဝင်
ထိုင်း၊ ဗီယက်နမ်နဲ့ တရုတ်မှ မြေသြဇာများဝင်ဒီသီတင်းပတ်ဖြစ်တဲ့ စက်တင်ဘာ ၂ ရက်မှ ၈ ရက်တာကာလအတွင်း ထိုင်းနိုင်ငံမှ မြေသြဇာတန် ၁၀၃၂ ၊ ဗီယက်နမ်နိုင်ငံမှ တန် ၄၈၀ နဲ့ တရုတ်နိုင်ငံမှ မြေသြဇာတန်ချိန် ၂၄၀ ကိုပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်း ခဲ့ပါတယ်။ တင်သွင်းခဲ့ တဲ့ မြေသြဇာတန်ချိန်က ၁၇၅၂ တန်ဖြစ်ပြီး တန်ဖိုးက ကန်ဒေါ်လာ လေးသိန်းငါးသောင်းကျော်ဖိုး ဖြစ်ပါတယ်။ ယခင်သီတင်း ပတ်က သုည ဒသမ ၇၀ တန်သာတင်သွင်းခဲ့တာကြောင့် ဒီတစ်ပတ်မှာ မြေသြဇာအဝင်ပို ခဲ့တယ်လို့ ဆိုရပါမယ်။ MIRT (DOT)
မူဆယ်နယ်စပ်မှ ဓာတ်မြေသြဇာ တန် ၂၀၀၀၀ နီးပါး အသွင်းရှိမြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ စက်တင်ဘာ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၄ သန်းကျော်တန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၉၉၅၃ တန်ကျော် တစ်ဘက်နိုင်ငံမှ အသွင်းရှိခဲ့ပါတယ်။ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား၊ ကွန်ပေါင်း(၁၀း၁၀း၅)၊ နိုက်တြစ်ဖော့စဖိတ်၊ ကွန်ပေါင်း (၁၅း၅း၅)၊ ကွန်ပေါင်း ၁၅ ပတ်လည်၊ တီစူပါဖော့စဖိတ်၊ စင်ဂဲလ်စူပါ ဖော့စဖိတ်၊ ဒိုင်အမိုးနီးယမ်း၊ မိုနိုအမိုးနီးယမ်းဖော့စဖိတ်၊ ပိုတက်ဆီယမ်ဆာလ်ဖိတ်နဲ့ ဆာလ်ဖာပိုတက်ရှ်တို့ ဖြစ်ကြပါတယ်။ ယခုအပတ်အတွင်း မူဆယ်အပါအဝင် နယ် စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၃၆၀ သန်းတန်ဖိုးရှိ ဓာတ် မြေသြဇာ ၂၀၉၀၃ တန်ဝန်းကျင်တင်သွင်းခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှု တွေကတော့ မူဆယ်မှ ၁၉၉၅၃ တန်၊ ကော့သောင်းမှ ၃၁၁ တန်ကျော်၊ မောင် တောမှ ၂၃၄ တန်၊ မြဝတီမှ ၁၆၃ တန်ကျော်၊ မြိတ်မှ တန် ၁၅၀ နဲ့ ရိဒ်မှ တန် ၉၀ အသီး သီးဖြစ်ပါတယ်။ MIRT (DOBT)
ဈေးနှုန်းပုံမှန်လေးနဲ့ပဲ ဈေးကွက်ရှိနေတဲ့ ဓာတ်မြေသြဇာမော်လမြိုင်ဈေးကွက်မှာ မိုးက နည်းလာတာကြောင့် အရောင်းပြန်လည် သွက်လာပေမဲ့ ဈေးကငြိမ်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်ဈေး ကွက်အတွင်းဈေးနှုန်းက ယခင်တစ်ပတ်ဈေးအတိုင်းနဲ့ ပုလဲအသေး ၄၆ ရာခိုင်နှုန်း (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်) တရုတ်က တစ်အိတ်ကို ၂၁၅၀၀ ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း) က ၃၄၀၀၀ ကျပ်၊ ကွန်ပေါင်း(ပန်းရောင်) ထိုင်းက ၃၀၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း) က ၂၉၀၀၀ ကျပ်၊ တီစူပါ ၄၆ ရာခိုင်နှုန်း(သံကွင်း-တရုတ်) ၂၃၀၀၀ ကျပ်နဲ့ တီစူပါ ၁၆ ရာခိုင်နှုန်း (မြားကမ္ဘာ-တရုတ်) က ၁၁၀၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ရန်ကုန်ဈေးကွက်မှာ ဒီတစ်ပတ်မှာတော့ မြေသြဇာဈေးတွေက ယူရီးယား မြေသြဇာကတစ်အိတ်ကို ခြောက်ရာကျပ်မှ ခုနစ်ရာကျပ်ဈေးမြင့်လာပြီး တီစူပါ (သံကွင်း)က ၅၀၀ ကျပ်၊ ကွန်ပေါင်းမြေသြဇာက ၂၀၀-၃၀၀ ကျပ်ဈေးမြင့်လာတယ် လို့ဆိုပါတယ်။ ဒီတစ်ပတ်ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက ယူရီးယား (နေရွက်လှေ-တရုတ်) ၂၀၇၀၀ ကျပ်၊ ယူရီးယား (ရွှေတောင်-တရုတ်)၂၀၈၀၀ ကျပ်၊ တီစူပါ (သံကွင်း-တရုတ်) ၂၂၅၀၀ကျပ်၊ ပိုတက် (ထိုင်း) ၃၅၀၀၀ ကျပ်၊ ပိုတက်(အိန္ဒိယ) ၂၃၈၀၀ ကျပ်၊ ကွန်ပေါင်း (နေရွက်လှေ-ထိုင်း)က ၃၈၅၀၀ ကျပ်၊ ကွန်ပေါင်း ၂၅းရး၇ (အမ်-တရုတ်)က ၃၅၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၅း၁၅း၁၅ (အမ်-တရုတ်) ၂၈၅၀၀ ကျပ်နဲ့ ကွန်ပေါင်း(ရွက်လှေ) ၂၉၃၀၀ ကျပ် အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ ပုံမှန် အရောင်းအဝယ်ဖြစ်နေပေမဲ့ ဈေးကတော့ ငြိမ်နေသေးတယ်လို့ သိရပါတယ်။ ဒီဈေးနဲ့ပဲ အရောင်းအဝယ်ဖြစ်နေတာ သုံးလေး ပတ်ရှိနေပြီး ဈေးတွေက ယူရီးယား (ရွှေတောင်-တရုတ်) ၁၈၇၀၀ ကျပ်၊ ယူရီးယား-ပန်းဖူး (တရုတ်) ၁၉၁၀၀ ကျပ်၊ တီစူပါ (GSSP ၁၆%-တရုတ်) ၈၈၀၀ ကျပ်၊ တီစူပါ (GTSP ၄၆%-တရုတ်) က ၂၀၇၀၀ ကျပ်၊ တီစူပါ (GSSP ၁၂%-တရုတ်) ၈၁၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ (တရုတ်) ၃၆၅၀၀ ကျပ်နဲ့ ဈေးကွက်ထဲ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ပဲခူးဈေးကွက်မှာ ဈေးကွက်ထဲအရောင်းအဝယ်ပုံမှန်ဖြစ်နေတဲ့ မြေသြဇာ က ယူရီးယား-ပုလဲပဲဖြစ်ပါတယ်။ ဒီမြေသြဇာဈေးက ဈေးကွက်ထဲမှာ အရောင်း အဝယ်ဖြစ်နေတဲ့ဈေးက ယခင်ဈေးတွေထက် ၅၀၀ ကျပ်မှ ၁၅၀၀ ကျပ်အတွင်း ဈေးကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ ဖြစ်ပေါ်နေတဲ့ဈေးနှုန်းက ယူရီးယား-ပုလဲ(ပန်းဖူး-ရွှေတောင်)(တရုတ်) ၂၀၅၀၀ ကျပ် ဖြစ်တယ်လို့ သိရပါ တယ်။မကွေးဈေးကွက်မှာ မြေသြဇာကအရောင်းပုံမှန်ရှိတယ်လို့ သိရပါတယ်။ မြေသြဇာရဲ့ ဝယ်ရင်းဈေးအနည်းငယ်မြင့်လာတာကြောင့် ဒီတစ်ပတ် မြေသြဇာဈေး က အနည်းငယ်မြင့်လာတယ်လို့သိရပါတယ်။ ဒီတစ်ပတ်မှာ မြားကမ္ဘာ-တရုတ်က ၅၀၀ ကျပ်ဈေးမြင့်သလို ဆင် ၁၀း၁၀း၅ က ၉၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ က ၁၃၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်)က ၂၄၀၀ ကျပ်၊ ရွှေတောင်-တရုတ်က ၁၅၀၀ ကျပ်နဲ့ အောင်ကမ္ဘာ ၁၀း၁၀း၅ က၁၀၀၀ ကျပ်ဈေးမြင့်လာတယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက မြားကမ္ဘာ-တရုတ် ၁၂း၁၃ (အပြာ) ၁၆၃၀၀ ကျပ်၊ ဆင် ၁၀း၁၀း၅ က ၁၅၉၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ က ၁၆၈၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ က ၃၅၈၀၀ ကျပ်၊ အာမို ၁၆း၁၆း၈ က ၃၃၃၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်)က ၂၂၇၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်)က ၂၁၅၀၀ ကျပ်၊ တီစူပါ(မြားနီ-တရုတ်) ၂၂၅၀၀ ကျပ်၊ အောင်ကမ္ဘာ ၁၀း၁၀း၅ က ၁၈၂၀၀ ကျပ်၊ ပိုတက် က ၂၄၅၀၀ ကျပ်နဲ့ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။MIRT (DOT)
