သြဂုတ်လအတွင်း ရွှေတိဂုံဘုရားသို့ ဧည့်သည် လာရောက်ရာမှ ကန်ဒေါ်လာ ၁၀၆၆၄၅ ဒေါ်လာ ရရှိခဲ့

သြဂုတ်လအတွင်း ရွှေတိဂုံဘုရားသို့  လာရောက်ဖူးမြော်သော  နိုင်ငံခြား သား ခရီးသွားဧည့်သည်ဦးရေ ၂၁၃၂၉ ဦး လာရောက်ဖူးမြော်ခဲ့ကြောင်း သိရှိရ ပြီး စုစုပေါင်း ၁၀၆၆၄၅ ဒေါ်လာ ယင်းကဏ္ဍမှရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ရရှိခဲ့သော ဒေါ်လာငွေ ၁၀၆၆၄၅ မှာ  US  ဒေါ်လာ ၁၀၃၃၂၇ နှင့် FEC ၃၃၁၈ ရရှိခဲ့ပြီး အလှူတော်ရငွေမှာ  US ၈၇၄၅ နှင့် FEC  ၁၉၈ ဖြစ်ကာ စုစုပေါင်း ၈၉၄၃ ရရှိခဲ့သည်။

ယခုလပထမပတ်အတွင်း ရွှေတိဂုံဘုရားသို့ နိုင်ငံခြားဧည့်သည် ဝင်ရောက် သည့်ဦးရေမှာ ၂၆၅၂ ဦးရှိပြီး ထိုင်းလူမျိုးများ လာရောက်ဖူးမြော်မှုမှာ အများဆုံး ဖြစ်သည်။ လာရောက်ဖူးမြော်သူများတွင် ထိုင်းလူမျိုး ၃၉၃ ဦး၊ တရုတ် ၁၁၄ ဦး၊ ဂျာမနီ ၉၀ ဦးနှင့် ပြင်သစ်နိုင်ငံမှ ၈၈ ဦးဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။ ထိုင်း နိုင်ငံမှ လာရောက်ဖူးမြော်မှုမှာ လစဉ်အများဆုံးဖြစ်ကြောင်းလည်း သိရသည်။