မဲခေါင် အင်စတီကျုနှင့် နယူးဇီလန်သံရုံး ပညာသင်ဆု လျှောက်ထားနိုင်

မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ထိုင်းနိုင်ငံမှ ကျောင်းသား ၁၂ ဦးကို မဟာဘွဲ့သင်တန်းများအတွက်  ပညာ သင်ဆု ရွေးချယ်ပေးအပ်သွားမည်ဖြစ် ကြောင်း  မဲခေါင်  အသက်မွေးဝမ်း ကျောင်း တက္ကသိုလ်မှ  ကြေညာထား သည်။

ပညာသင်ဆု  ရွေးချယ်သူများကို သုတေသန  စာတမ်းပြုစုရန်ထောက်ပံ့ စရိတ်နှင့် နည်းပညာပံ့ပိုးမှုများအတွက် ကူညီဆောင်ရွက်သွားမည်ဖြစ်ပြီး နိုဝင် ဘာလကုန် နောက်ဆုံးထားလျှောက်ရ မည်ဖြစ်သည်။   ပညာသင်ဆုလျှောက် ထားရန်အတွက်  မဟာဘွဲ့သင်တန်း တက်ရောက်ရန်လိုအပ်သောသင်ခန်းစာ များ သင်ယူတတ်မြောက်ထားရမည်ဖြစ် ပြီး ပညာရေးနောက်ခံမှတ်တမ်းကောင်း များ ပိုင်ဆိုင်ထားရန် လိုအပ်သည်။မဲခေါင်အင်စတီကျုနှင့် နယူးဇီလန် သံရုံး ပညာသင်ဆု လျှောက်ထားလို သော မြန်မာကျောင်းသား၊ ကျောင်းသူ များအနေဖြင့် www.mekonginstit ute.org/ minzas  တွင် ဝင်ရောက် ကြည့်ရှုလေ့လာ လျှောက်ထားနိုင်မည် ဟု သိရသည်။