Developer Conference 2012 Yangon ယခုလလယ်မှာ ကျင်းပ
မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်များအသင်းမှ ကြီးမှူးကျင်းပသည့် Dveloper Conference 2012 Yangon ကို စက်တင်ဘာလလယ်ဖြစ်တဲ့ ၁၄ ရက်ကနေ ၁၆ ရက်အထိ မြန်မာအင်ဖိုတက်မှာ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိ ရသည်။
ယခုကဲ့သို့ Dveloper Conference 2012 Yangon ကို ကျင်းပပြုလုပ်ရခြင်းမှာ IT နယ်ပယ်အတွင်း အသိ ပညာ ဗဟုသုတများ တိုးပွားစေရန်နှင့် တက်ရောက်သူအချင်းချင်း အသိပညာ ဖလှယ်နိုင်ဖို့အတွက် ရည်ရွယ်ပြီး ပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် IT အသုံးချ ဆော့ဖ်ဝဲကောင်းများကို တီထွင်ဖန်တီးရေးဆွဲနိုင်သော Dveloper များပေါ် ထွက်လာစေရန်လည်း ရည်ရွယ်ကြောင်းသိရှိရသည်။
