မွေးကင်းစကလေးကုသရေးဆိုင်ရာ စက်ပစ္စည်းများ အီတလီအခြေစိုက်အဖွဲ့တစ်ခုမှ လှူဒါန်းမည်
မြန်မာနိုင်ငံဆေးရုံများတွင် မွေးကင်း စကလေးကုသရေး၌ အသုံးပြုမည့် အသားဝါခြင်း ကုသသည့် စက်ပစ္စည်း များကို အီတလီနိုင်ငံအခြေ စိုက်လူမှု ရေး အဖွဲ့အစည်းတစ်ခုက လှူဒါန်းခဲ့ ကြောင်း သိရှိရသည်။
လက်ရှိ ဆေးရုံများတွင် ကလေးများ အသားဝါရာတွင် ကုသအသုံးပြုနေ သည့်မီးချောင်းများထက် ဓာတ်ရောင် ခြည်ထွက်ရှိမှု ပမာဏ ပိုမိုများပြားရာ ကလေးများ မီးပြသည့်အချိန် လျော့ နည်းခြင်း၊ အချို့ကလေးများတွင် အသားဝါမှု ပြင်းထန်လာခြင်းတို့ကြောင့် သွေးလဲရမည့် အခြေအနေများတွင် သွေးလဲရန်မလိုတော့ခြင်း စသည့် အား သာချက်များရရှိနိုင်ကြောင်းသိရှိရသည်။အီတလီနိုင်ငံအခြေစိုက် လူမှုအဖွဲ့ အစည်းတစ်ခုဖြစ်သည့် TREOTO Province (ANT)မှ မွေးကင်းစ က လေးများတွင် အများဆုံးဖြစ်လေ့ရှိသော အသားဝါခြင်းကုသသည့်စက်ပစ္စည်းများ LED Phototherapy Infant Warmers,Pulre Oximetry and Infection Control Equipment စသည့် ပစ္စည်းများကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။
