နယ်စပ်ပြည်နယ်များမှာ ဆန်ကုန်သွယ်ရေးဇုန်များတည်ထောင်ဖို့ ထိုင်းနိုင်ငံဆောင်ရွက်

ကမ္ဘာ့အကြီးဆုံးဆန်တင်ပို့သူဖြစ်တဲ့ ထိုင်းနိုင်ငံဟာ နယ်စပ်ပြည်နယ်များမှာ ဆန်ကုန်သွယ်ရေးဇုန်များ တည်ထောင်ဖို့ အာဆီယံအိမ်နီးချင်းနိုင်ငံများနဲ့ ပူပေါင်းသွားမယ်လို့ သိရပါတယ်။ ယခုကနဦး ဆောင်ရွက်မှုဟာ ဆန်လုပ်ငန်းကို မြှင့်တင်ဖို့၊ တောင်သူများရဲ့ ဝင်ငွေတိုးမြှင့်ဖို့၊ ဆန်ဈေးနှုန်းတည်ငြိမ်မြင့်တက်စေဖို့ နဲ့ ဈေးကွက်စွမ်း ဆောင်ရည်တိုးတက်ဖို့ အာဆီယံရဲ့ ဆန်စပါး မူဝါဒ အစိတ်အပိုင်းတစ်ခုအဖြစ် ဆောင်ရွက်တယ်လို့ သိရပါတယ်။

လက်ရှိလေ့လာနေတဲ့ ပြည်နယ် ၄ ခုမှာ Sa  Kaew ၊ Chantaburi ၊ အရှေ့ဘက်မှ Trat   နဲ့ အရှေ့မြောက်မှ Buri  Ram  တို့ဖြစ်ပါတယ်။ ပြည်ပကုန်သွယ်ရေးဌာနအနေနဲ့ ယခုအခါ ယင်းပြည်နယ်များကို စစ်ဆေးနေပြီဖြစ်ပြီး၊ ယင်းပြည်နယ် များဟာ အဓိကအားဖြင့် ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် ဆန်ထုတ်လုပ်သူများ တင်ပို့သူများနဲ့ ဆက်သွယ်ဖို့ သင့်တော်ဆုံး ဒေသတွေ ဖြစ်တယ်လို့ ပြည်ပကုန်သွယ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Tikhumporn  Matvarata   မှ ပြောကြား ပါတယ်။ ယင်းပြည်နယ် ၄ ခုမှာ အာဆီယံအတွင်း အဓိက ဆန်တင်ပို့သူတွေဖြစ်တဲ့ နိုင်ငံ ၃ နိုင်ငံအကြား သင်္ဘော တင်ပို့ဖို့ ထောက်ပံ့ပို့ဆောင်မှု စနစ်များလည်း ရှိတယ်လို့ သိရပါတယ်။                           လမင်း၊  Source: riceonline