ထိုင်းအစိုးရက အပေါင်ခံအစီအစဉ်ကို ဆက်လက်ဆောင်ရွက်မယ်

ထိုင်းအစိုးရရဲ့ စပါးအပေါင်ခံအစီအစဉ်ကို စီးပွားရေး ပညာရှင်တွေက အဆုံးသတ် ဖို့ တောင်းဆိုနေကြပေမယ့် တောင်သူ လယ်သမားအများစုက ကြိုက်နှစ်သက်တဲ့အတွက် ၎င်း ရဲ့ အပေါင်ခံအစီအစဉ်ကို ဆက်ပြီး လုပ်ဆောင်သွားမှာဖြစ် ကြောင်း၊ စီးပွားကူးသန်းဝန်ကြီး Boonsong  Teriyapirom  မှ စက်တင်ဘာလ ၂၀ ရက်နေ့မှာ အခိုင်အမာ ပြောကြား ပါတယ်။ဖွံ့ဖြိုးတိုးတက်မှု အုပ်ချုပ်ရေးနိုင်ငံတော်တက္ကသိုလ် (NIDA) မှ ပညာရှင်တစ်ဦးက ဝန်ကြီးချုပ်ရင်လတ်ထံကို စပါး အပေါင်ခံ အစီအစဉ်ဖျက်သိမ်းဖို့ တောင်းဆိုတဲ့ အိတ်ဖွင့် ပေးစာအပေါ် ဝန်ကြီးမှ ထုတ်ပြန် ဖြေကြားခဲ့တာဖြစ်ပါတယ်။

လာမယ့်နှစ်မှာ အဲဒီအစီအစဉ်အရ အနည်းဆုံးစပါး ၂၅ တန်ခန့် တောင်သူများ အပေါင်ထားလိမ့်မယ်လို့ ဝန်ကြီးက ဆိုပါတယ်။ (NIDA) မှ ပညာရှင်  Mr  Adis မှ ပြောကြားရာမှာ ဒီ အစီအစဉ်ကြောင့် အစိုးရဟာ ဆုံးရှုံးမှု ကြီးမားစွာဖြစ်ပေါ် နေလို့ စပါးအပေါင်ခံအစီအစဉ်ရပ်တန့်ရေး တောင်းဆိုခြင်း ဖြစ်ကြောင်း၊ အကယ်လို့ ဝန်ကြီးချုပ်မှ တုံ့ပြန်မှုမရှိပါက ၎င်း နဲ့ ၎င်း အပေါင်းပါများအနေနဲ့ အစိုးရမှ အပေါင်ခံအစီအစဉ်ရပ် တန့်ဖို့ အခြေခံဥပဒေ၊ လွှတ်တော်ရဲ့ တောင်းဆိုချက်များ ဖြည့် စွက်ပြီး အနာဂတ် ဆောင်ရွက်ချက်များကို စဉ်းစားသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ ဝန်ကြီးချုပ်မှလည်း စီးပွားကူးသန်း ဝန်ကြီးပြောကြား ခဲ့သလို တောင်သူများရဲ့ ဝင်ငွေမြင့်မားစေဖို့ ရည်ရွယ်တဲ့ စပါး အပေါင်ခံအစီအစဉ်ကို သေချာပေါက်ဆက်လက် လုပ်ဆောင် သွားမယ်လို့ဆိုပါတယ်။ အစိုးရကပုဂ္ဂလိက ဆန်ကုန်သည်တွေ နဲ့ အပြိုင် ဆောင်ရွက်ဖို့ ဆန်ကုမ္ပဏီတစ်ခု တည်ထောင်ထား ကြောင်းနဲ့ ယင်းကဲ့သို့ လုပ်ဆောင် ခြင်းဟာ အခြေခံဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း ဆန့်ကျင်ဖက်များမှ ပြောကြား ခြင်းအပေါ် ရင်လတ်မှ ၎င်း မှာ မဟုတ်မှန်ကြောင်း ပြောကြား ပါတယ်။ အစိုးရအနေနဲ့ ပုဂ္ဂလိက ကဏ္ဍနဲ့ ပြိုင်ဆိုင်ဖို့ရည်ရွယ် ခြင်း မရှိသလို စပါးအပေါင်ခံအစီအစဉ်မှ အကျိုးအမြတ်ရယူ လိုခြင်းမရှိကြောင်း၊ တောင်သူတွေအနေနဲ့ ၎င်း တို့စပါးများ ဈေး ပိုမို ရရှိနိုင်ဖို့သာ ကူညီခြင်းဖြစ်တယ်လို့ ၎င်း ကဆိုပါ တယ်။ အစိုးရအနေနဲ့ များစွာသောပါတီများရဲ့ စိုးရိမ်မှုတွေ အကြံပြုချက်တွေအတိုင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ အပေါင်ခံ လုပ်ငန်းစဉ်မှာ ထင်သာမြင်သာစွာရှိစေဖို့ ဆောင် ရွက်သွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ်ရင်လတ်မှ ပြောကြားပါ တယ်။ အစိုးရအနေနဲ့ ပုဂ္ဂလိက ကဏ္ဍရဲ့ ပြဿနာများကို နားထောင်ပြီး အဖြေရှာရာမှာ ကူညီဖို့ ဆွေးနွေးမှုများ အကြိမ်ကြိမ် ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်းလည်း ပြောကြား ပါတယ်။ တောင်သူများဟာယခုအပေါင်ခံဈေးနှုန်းကြောင့် ဒေသ တွင်းမှာ အမြင့်ဆုံးဈေးဖြစ်တယ်လို့ ဆိုပါတယ်။ ပုဂ္ဂလိက ကုန်သည်များအနေနဲ့ ၎င်း တို့ဝယ်လိုရင် တောင်သူတွေဆီက တိုက်ရိုက်ဝယ်ယူနိုင်ပါတယ်လို့လည်း ဝန်ကြီးချုပ်ကဆိုပါ တယ်။                      လမင်း၊Source: riceonline