မကွေးဈေးကွက်မှာ ပဲမျိုးစုံဈေးကျပြီး နှမ်းမျိုးစုံပုံမှန်အရောင်းအဝယ်ဖြစ်
မကွေးဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်အဆွဲ အေးလို့ အ ရောင်းအဝယ်ဖြစ်မှုနည်းပေမယ့် နှမ်းမျိုးစုံကတော့ မန္တလေး၊ ရန်ကုန် ဝယ်လက်နဲ့ ဒေသတွင်းဆီကြိတ်လုပ်ငန်းရှင်များ ဝယ်အားပုံမှန်ရှိခဲ့ တယ်လို့ဆိုပါတယ်။ ပဲစင်းငုံနီကတော့ ရန်ကုန်ဝယ်လက်က ဝယ် အားပါးသွားသလို ရောင်းသူကုန်သည်များကလည်း ဈေးကွက်မျှော် လင့်ချက်နဲ့ အရောင်းနည်းသွားတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၉၅၀ ကျပ် (တစ်တန်ကို ၅၈၁၇၇၀ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၂၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲတီစိမ်း ကြီးကို ရန်ကုန်-မန္တလေးဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၄၈ ကျပ် (တစ်တန်ကို ၅၈၀၅၄၅ ကျပ်)ဈေးနဲ့ နေ့စဉ် အိတ် ၁၀၀ မှ ၁၅၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲ (ထိုင်ဝမ်) ကတော့ မြို့ခံပဲခွဲစက်တွေက ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်များ အရောင်းများတာကြောင့် ယခင်အပတ်နဲ့ စာရင်ဈေးကျလာပြီး တစ်ပိဿာကို ၁၁၀၅ ကျပ် (တစ်တန်ကို ၆၇၆၆၉၀ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ ခန့်အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းမျိုးစုံကို ရန်ကုန်-မန္တလေးဝယ်လက် နဲ့မြို့ခံဆီစက်တွေက ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက နှမ်းနီတစ်ပိဿာ ၁၈၈၉ ကျပ်၊ နှမ်းဖြူတစ်ပိဿာ ၂၁၁၂ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၂၂၈၉ ကျပ်နဲ့ နှမ်းညိုတစ်ပိဿာ ၁၈၀၀ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကို အိတ် ၂၀၀၀ ခန့်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံနှမ်းကုန်သည်တစ်ဦးကဆိုပါတယ်။
