ကမ္ဘောဒီးယားဆန်တန်ချိန် တစ်သိန်းတင်ပို့ဖို့ ယူအေအီးနဲ့ MOU ရေးထိုး
ကမ္ဘောဒီးယားနိုင်ငံဟာ ယူအေအီးကို ဆန်တန်ချိန် ၁ သိန်းရောင်းချဖို့ နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးခဲ့ ကြောင်း စီးပွားကူးသန်းဝန်ကြီးမှ ဒုတိယအကြိမ်ကျင်းပတဲ့ နှစ်စဉ်ကမ္ဘောဒီးယားဆန် ဖိုရမ်ပိတ်ပွဲ မှာ ပြောကြားပါတယ်။ ၂၀၁၅ မှာ ဆန်တန်ချိန် တစ်သန်းတင်ပို့ဖို့ ရည်မှန်းတာဖြစ်လို့ ၎င်း ရဲ့ရည်မှန်းချက်ကိုလည်း အလေးထားပြောကြားပါတယ်။
ယခုအချိန်မှာ နိုင်ငံရဲ့စပါးပမာဏများစွာဟာ နယ်စပ်မှ ဖြတ်ကျော်ပြီး၊ ဈေးသက်သက်သာသာနဲ့ ကြိတ်ခွဲတင်ပို့နိုင်တဲ့ ဗီယက်နမ်နဲ့ ထိုင်းကိုရောင်းဝယ်နေကြပါတယ်။ အစိုးရက နယ်စပ်ကုန်သွယ်မှု ကျဆင်းအောင်ကြိုးစားရင် ဆန်ဈေး ကျဆင်းမယ်။ ပြည်တွင်းဈေးကွက်မှာ များများမဝယ်နိုင် ရင် တောင်သူတွေစပါးစိုက်ပျိုးဖို့ အရင်းအနှီးနည်းမယ်လို့ စီးပွား ကူးသန်းဝန်ကြီး က ပြောကြားပါတယ်။ ပြည်တွင်းဆန်တင်ပို့သူတွေကပြောရာမှာ စွမ်းအင်ဈေး နှုန်းကြီးမြင့်တာကြောင့် စက်ကြိတ်ခွဲစရိတ် ကြီးမြင့်တဲ့အတွက် ကမ္ဘောဒီးယားဆန်ဈေးက အနည်းငယ်ပိုမြင့်နေတယ်လို့ဆိုပါ တယ်။ လျှပ်စစ်ဓာတ်အား မရရှိတဲ့အတွက် ဆန်စက်တွေက မီးစက်နဲ့လည်ပတ်နေပြီး မီးစက်နဲ့လည်ပတ်ခြင်းက ကုန်ကျ စရိတ်များကာ တချို့ စက်များမှာ ပိတ်တဲ့အထိဖြစ်ရတယ်လို့ ဆိုပါတယ်။ လျှပ်စစ်စရိတ်က စပါးတစ်တန်ကန်ဒေါ်လာ ၅၀ ဝန်းကျင်ထိ ဝန်ထုတ်ဝန်ပိုးရှိတယ်လို့လည်း ဆန်တင်ပို့သူ တစ်ဦးကဆိုပါတယ်။ အကယ်လို့ ကမ္ဘောဒီးယားနိုင်ငံမှာ ဆန် စက်များစွာ ရှိရင်တောင် လျှပ်စစ်ကုန်ကျစရိတ်က ဆန်ကြိတ်ခွဲ ထုတ်လုပ်မှုစရိတ်ကို ကြီးမြင့်စေပြီး၊ ပြည်ပတင်ပို့မှုပမာဏ များစွာအတွက် စိန်ခေါ်မှုတွေဖြစ်နေတယ်လို့ဆိုပါတယ်။ လျှပ်စစ်ဓာတ်အားအပြင် အစိုးရနဲ့ပြည်ပရင်းနှီးမြုပ်နှံသူ များကသယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အဦ တိုးတက် ဖို့လည်း လုပ်ကိုင်နေပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ မိုးရွာ ရင် လမ်းများ ပျက်စီးတာကြောင့် လမ်းများကိုလည်း ခင်းပေး ဖို့ လိုအပ်တယ်လို့ ဒေသတွင်းမှဆိုပါတယ်။ အဲဒီလိုစိန်ခေါ်မှုတွေရှိတဲ့တိုင် ကမ္ဘောဒီးယားဆန် လုပ် ငန်းအနေနဲ့ ၂၀၁၅ မှာ ဆန်တန်ချိန် တစ်သန်းတင်ပို့ဖို့ ရည်မှန်းထားပြီး အဓိကဆန်တင်ပို့သူအဖြစ် ကူးပြောင်းရေး ကြိုးစားနေပါတယ်။ လမင်း၊Source: oryza.com
