စက်တင်ဘာလ နောက်ဆုံးပတ် ကမ္ဘာ့ဆန်ဈေးကွက်အခြေအနေ
စက်တင်ဘာလ နောက်ဆုံးပတ် ကမ္ဘာ့ဆန်ဈေးကွက်မှာ ချီကာဂိုဆန်ကြမ်း နိုဝင်ဘာကြိုပွင့် ဈေးနှုန်းတွေ က မြင့်မားနေ တယ်။ ပဲပုပ်၊ ပြောင်းနဲ့ ဂျုံဈေးနှုန်းတွေမြင့်မားပြီး ဆန်ကြမ်းဈေးနှုန်းလည်း မြင့်မားတယ်လို့ သိရတယ်။ ထိုင်းဆန်ဈေးနှုန်းတွေကကျဆင်းနေတယ်။ ပြည်ပမှဝယ်လိုအားမရှိခြင်း၊ စပါးအသစ်ရိတ်သိမ်းနေပြီ ဖြစ်ပြီးနဲ့ ဆန်သိုလှောင် ထားမှု များစွာရှိနေခြင်းတို့က ထိုင်းဆန်ဈေးနှုန်းကို အားနည်းစေတယ်။ စက်တင်ဘာ လနှောင်းပိုင်းထိုင်းဆန်ဈေးနှုန်းက မတ်လ နှောင်းပိုင်းနောက်ပိုင်း အနိမ့်ဆုံးဈေးနှုန်းဖြစ်လာတယ်။
ဗီယက်နမ်ဆန်ဈေးနှုန်းမှာတော့ တည်ငြိမ်နေတယ်။ ပြည်တွင်းမှာ ဆန်သိုလှောင်ထားမှု များစွာမရှိသော် လည်း လော လောဆယ် ပြည်ပမှ ဗီယက်နမ်ဆန်ကို ဝယ်လိုအားမရှိဘဲ ဈေးနှုန်းက ဆက်လက်မြင့်မားခြင်းမရှိ တည်ငြိမ်နေတယ်။ အိန္ဒိယမှာ ဆန်သိုလှောင်ထားမှု တန်ချိန်မှာ သန်း ၃၀ ဝန်းကျင်ရှိနေမယ်လို့ ခန့်မှန်းထားတဲ့အပြင် ယခုနှစ်စပါး အထွက်နှုန်းကလည်း ၂၀၁၁ ခုနှစ် စပါးထွက်နှုန်းအောက် အနည်းငယ်သာကျဆင်းမယ် ခန့်မှန်းထားရာ ဆန်တင်ပို့မှု ဆက်လက် ခွင့်ပြုသွားမှာဖြစ်ပြီး ဈေးနှုန်းထူးထူးခြားခြား မြင့်မားလာမှာမဟုတ်ဘူးလို့ FAO က ခန့်မှန်းထားတယ်။ ပါကစ္စတန်ဆန်ဈေးနှုန်းမှာ လောလောဆယ်မှာ ဗီယက်နမ်နဲ့ အိန္ဒိယတို့ထက် ဈေးမြင့်နေသော်လည်း နိုဝင်ဘာမတိုင်မီ စပါးအသစ်ရိတ်သိမ်းတော့ မှာဖြစ်ရာ ဈေးနှုန်းကျဆင်းလာ မှာဖြစ်ကြောင်း၊ ဈေးနှုန်း ကျဆင်းလာတာနဲ့ အမျှ နိုဝင်ဘာလမှစပြီး ဆန်တင်ပို့မှုပြန်လည်ကောင်းမွန်လာနိုင်ကြောင်း ပါကစ္စတန်ဆန် တင်ပို့သူများအသင်း ဒုဥက္ကဌက ပြောကြားတယ်။ Source:Balkans.com, oryza.com,ပပ
