လှည်းကူးမှာ ကောက်စောစပါးပေါ် တောင်သူများပျော်
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်ကူးမြို့နယ်၊ ဒရယ်ဘို ကျေးရွာမှ တောင်သူလယ်သမားကြီး ဦးသန်းလွင်၏ လယ်မြေတွင် ဧည့်မထ (ရေဆင်း) ၁ ဒသမ ၅ ဧကသည် ရင့်မှည့်ပြီဖြစ်သဖြင့် စက်တင်ဘာ ၃၀ ရက်တွင် စတင်ရိတ်သိမ်းလျက်ရှိကြောင်း သတင်းရရှိသည်။ ဦးသန်းလွင်က မိမိသည် ၂၀၁၂-၂၀၁၃ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီအတွင်း မိုးစပါး ၁၈ ဧကအား ရွှေဝါတောင်ပျံ ၁၂ ဧက၊ ကောက်ညှင်း ၁ ဒသမ ၅ ဧက၊ ဧည့်မထ(ရေဆင်း) ၁ဒသမ ၅ ဧကနှင့် မနောပြည့် သုံးဧက စိုက်ပျိုးထားခဲ့ပြီး ယခု ဧည့်မထ (ရေဆင်း) ၁ ဒသမ ၅ ဧက မှာ ရင့်မှည့်ပြီဖြစ်သဖြင့် စက်တင်ဘာ ၃၀ ရက်တွင် စတင်ရိတ်သိမ်းပြီး အောက် တိုဘာ ၃ ရက်တွင် ခြွေလှေ့ခဲ့ရာ တင်း ၉၀ ခန့်ရရှိခဲ့ပါကြောင်း၊ မကြာမီ ဈေး ကွက်သို့တင်ပို့ပြီး ဝင်ငွေရရှိတော့မည်ဖြစ်၍ ဝမ်းသာပျော်ရွှင်မိပါကြောင်း ပြောကြား ပါသည်။လှည်းကူးမြို့နယ်တွင် ၂၀၁၂-၂၀၁၃ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီအတွင်း မိုးစပါးဧက ၈၉၀၀၀ ခန့်စိုက်ပျိုးခဲ့ပြီး သက်တမ်းတိုသော ကောက်စောစပါးများ စတင်ထွက်ပေါ်လာနေပြီဖြစ်ကြောင်း သိရှိရသည်။ ဝင်းနိုင်(လှည်းကူး)
