ကျောင်းကုန်းမြို့နယ်ရဲ့ ကောက်စောစပါး ရိတ်သိမ်းထွက်ရှိမှု

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ် ခရိုင်၊ ကျောင်းကုန်းမြို့နယ်မှာ ယခု အောက်တိုဘာလဆန်းပိုင်းကစပြီး၊ ၂၀၁၂-၁၃ခုနှစ်ထွက် ကောက်စောစပါး စတင်ရိတ်သိမ်းထွက်ပေါ်နေပြီ ဖြစ်ပါ တယ်။ လတ်တလော ပေါ်ဦးပေါ်ဖျား ရိတ်သိမ်းရောင်းဝယ်နေတဲ့ ကောက် စောစပါးနဲ့ ပတ်သက်လို့ တောင်သူ၊ ကုန်သည်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

"တစ်ဧကကို စိုက်ခင်း၊ ပျိုးခင်း၊ မြေ ပြင်၊ ထွန်ယက်စိုက်ပျိုးရိတ်သိမ်းပြီးအထိ တစ်သိန်းခွဲလောက်  ကုန်တယ်။ ဒါ တောင် မိသားစုလုပ်အား (နွား၊ စက် မောင်း၊ မြေကောက်၊ ကောက်စိုက် ကောက် မတွက်ထားဘူးကွ၊ အကြမ်း ဖျင်း တစ်ဧကကို အစိုထွက် ၈၀ တင်း ထွက်ပြီး၊ နေလှန်း၊ လှေ့ပြာ ၁၆ တင်း ၂၀ တင်းထားကွာ ၆၀ တင်းကျန်ရင် ၅၀၀၀ ကျပ်ဈေးနဲ့ရောင်း သုံးသိန်းရ တယ်။ စရိတ်နုတ်ရင် ခေါက်ချိုးကျန် တယ်။ မိသားစု လုပ်အားခတွက်ပြီး၊ နုတ်ရင်တော့ အဲဒီလောက် မကျန်ဘူး ပေါ့။ တလင်းချိန်စပါးများများပေါ်ရင် တော့ အဲဒီလောက်မကျန်ပါဘူး။ ဒါ လည်း မျိုးစပါးအဖြစ် ပြန်ရောင်းရလို့ပါ။     စပါးလှိုင်လှိုင်ပေါ်ချိန်မှာ စပါးဈေး သုံး သိန်းခွဲ၊ လေးသိန်းခွဲဝန်းကျင် ဖြစ်ရင် တော့ ကောင်းမယ်။ ဒို့ကျောင်းကုန်း ဆိုရင် နှစ်နှစ်လောက်စပါးဈေး၊ ပဲဈေး မကောင်း၊ ဒီနှစ်ရေကြီး နစ်မြုပ်ဆိုတော့ တောင်သူတွေ  နာတယ်။   ဒါတောင် ဒို့ရွာလေးက ရေတော်မိုးတော် လယ်စ ကောင်းလို့တော်သေးတယ်။ လယ်သ မားအများစုတော့ ထိတယ်။ အဓိက က လယ်သမားလက်ထဲ စပါးရှိချိန် စပါး ဈေးလေး သင့်သင့်တင့်တင့် ရချင် တယ်"လို့ ဆိုပါတယ်။ ကညင်သုံးဆင့်ကျေးရွာမှ  ကုန် သည်ကိုကျော်စွာဝင်းက "ကွင်းကြီးကျေး ရွာတောင်သူ ဦးမြဝင်းထံက ရတနာ တိုးစပါး ၅၂ ပေါင်အစို ၂၀၀ တင်းဝယ် ယူပြီး မဝေးလှတဲ့ ကညင်သုံးဆင့်အုပ်စု ကားလမ်းဘေးမှာ နေလှန်းခြောက်သွေ့ ခြင်း၊ လှေ့ပြာသန့်စင်ခြင်းလုပ်ပါတယ်။ နေလှန်းလျော့ပေါင်ပိုမီးဆောင်း အပါ အဝင် ၁၁၀ တင်းမှာ ၂၀ တင်းလျော့ပြီး ၉၀ တင်းရရှိပါတယ်။ ၅၀၀၀ ကျပ်ဈေးနဲ့ မျိုးစပါးအဖြစ် ရောင်းချပါတယ်။ ဝယ် ဈေး ၃၅၀၀၀၀ ကျပ်နဲ့စရိတ် (နေလှန်း၊ သယ်၊ လှေ့) ၂၁၀၀၀ ကျပ်အပါအဝင် ၃၇၁၀၀၀ ကျပ်အရင်းကုန်ကျလို့ စပါး တစ်တင်း  အကျိုးအမြတ်  ၇၉၀ ကျပ် ခန့်ရရှိပါတယ်။ မျိုးအဖြစ် ရောင်းချတာ ဖြစ်ပြီး၊ ကြိတ်ခွဲလိုင်း မလုပ်နိုင်သေးပါ ဘူး"လို့ ဆိုပါတယ်။ သိန်းတင်-ကျောင်းကုန်း