အောင်လံဈေးကွက်မှာ ပဲတီစိမ်းနဲ့ ကုလားပဲ ဈေးတန့်ပြီး သိပ္ပံနှမ်းဈေးမြင့်လာ
အောင်လံဈေးကွက်မှာ ဒီတစ်ပတ်ပဲတီစိမ်းကြီးကို ရန်ကုန်- မန္တလေးဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဝယ်အားပုံမှန် ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့်နေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၀၀ ကျပ်(တစ်တန်ကို ၅၈၉၉၁၂ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၄၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ ကုလားပဲ(ထိုင်ဝမ်)ကိုတော့ ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲ စက်များက တစ်ပိဿာကို ၁၀၀၀ ကျပ်နဲ့ (တစ်တန်ကို ၆၁၂၃၉၀ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၂၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ သိပ္ပံနှမ်းကိုတော့ အိတ်စပို့အတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာ ရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၂၂၈၉ ကျပ်ဈေးနဲ့ တစ်ရက်ကို အိတ် ၅၀၀ မှ ၇၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။
