နယ်စပ်မှ ဓာတ်မြေသြဇာ တန် ၁၄၂၀၀ ကျော်အသွင်းရှိ
နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်၊ ကော့သောင်း၊ မြဝတီ၊ မြိတ်နဲ့ ရိဒ်နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ ၉၀၇ သန်းတန်ဖိုးရှိတဲ့ ဓာတ်မြေသြဇာ ၁၄၂၂၁ တန်ကျော်ကို အောက်တိုဘာ ၃ ရက်မှ ၉ ရက်ထိကာလ အတွင်းမှာ အသွင်းရှိခဲ့တာဖြစ်ပါတယ်။ နယ်စပ်စခန်းအလိုက်တင်သွင်းတဲ့ ဓာတ်မြေ သြဇာတွေကတော့ မူဆယ်မှ ၁၃၈၂၇ တန်၊ ကော့သောင်းမှ ၁၅၅ တန်ခန့်၊ မြဝတီမှ ၂၉ တန်၊ မြိတ်မှ တန် ၁၀၀ နဲ့ ရိဒ်မှ ၁၁၁ တန် အသီးသီးဖြစ်ပါတယ်။ မူဆယ်နယ် စပ်မှ ယခုအပတ်အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား၊ ကွန်ပေါင်း ၁၀း၁၀း၅၊ နိုက်တြစ်ဖော့စဖိတ်၊ တီစူပါဖော့စဖိတ်၊ စင်ဂဲလ်စူပါဖော့ စဖိတ်တို့ဖြစ်ကြပါတယ်။ မူဆယ်မှာ မိမိဘက်မြေပြင်ပေါက်ဈေးတွေကတော့ ယူရီး ယား ၁ တန် ၂၉၉၈၀၀ ကျပ်၊ ကွန်ပေါင်း (၁၀း၁၀း၄၅) ၂၁၉၅၀၀ ကျပ်၊ ၁၅ ပတ်လည် တစ်တန် ၃၉၆၀၀၀ ကျပ်နဲ့ ကော့သောင်းမှာ အမိုးနီးယမ်း ၁ တန် ၂၂၀၀၀၀ ကျပ် ဈေးပေါက်လျက်ရှိပါတယ်။ MIRT (DOBT)
ဈေးကွက်အတွင်းမှာ ပုံမှန်လေးနဲ့ပဲရှိနေတဲ့ ဓာတ်မြေသြဇာမော်လမြိုင်ဈေးကွက်မှာ မြေသြဇာက အရောင်းအဝယ်ပြန်လည်ကောင်း လာတယ်လို့ မြေသြဇာအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ မော်လမြိုင် ဘက်မှာက ပုလဲ၊ ကွန်ပေါင်းနဲ့ တီစူပါမြေသြဇာတွေကို အသုံးများပါတယ်။ အဲဒီမြေသြဇာတွေထဲမှာမှ တီစူပါ ၄၆% က အသုံးအများပါတယ်။ ပုလဲအသေး ၄၆% (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်) တရုတ်က တစ်အိတ်ကို ၂၁၅၀၀ ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း) က ၃၃၀၀၀ ကျပ်၊ ကွန်ပေါင်း (ပန်းရောင်) ထိုင်းက ၃၀၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း) က ၂၉၀၀၀ ကျပ်၊ တီစူပါ ၄၆% (သံကွင်း-တရုတ်)၂၃၀၀၀ ကျပ်နဲ့ တီစူပါ ၁၆% (မြားကမ္ဘာ-တရုတ်) က ၁၂၅၀၀ ကျပ်ဈေးနဲ့ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရ ပါတယ်။မကွေးဈေးကွက်မှာ မြေသြဇာက အရောင်းအဝယ် ပါးလာတယ်လို့ မြေသြဇာအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ဒီတစ်ပတ်မှာတော့ အာမို ၁၆း၁၆း၈၊ တီစူပါ၊ ပိုတက်မြေသြဇာများ ဈေးအနည်းငယ်မြင့်ပြီး ကျန်မြေသြဇာ များမှာ ဈေးအနည်းငယ်ကျလာပါ တယ်။ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ် နေတဲ့ေ ဈးက မြားကမ္ဘာ-တရုတ် ၁၅၅၀၀ကျပ်၊ ဆင် ၁၀း၁၀း၅ က ၁၅၄၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ ၁၇၀၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ က ၃၅၅၀၀ ကျပ်၊ အာမို ၁၆း၁၆း၈ က ၃၄၀၀၀ ကျပ်၊ ယူရီးယား- ပုလဲ(ပန်းဖူး-တရုတ်) ၂၀၅၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၂၀၀၀၀ ကျပ်၊ တီစူပါ(မြားနီ-တရုတ်) ၂၄၅၀၀ ကျပ်၊ အောင်ကမ္ဘာ ၁၀း၁၀း၅ က ၁၈၀၀၀ ကျပ်နဲ့ ပိုတက် ၂၄၃၀၀ ကျပ်တို့နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာမြေသြဇာက ဆောင်းသီးနှံ စပြီးစိုက်ပျိုးချိန်ရောက်လာ တာကြောင့် ယခင်တစ်ပတ်ထက်စာရင် ရောင်းအားရှိလာပြီး အနည်းငယ် ဈေးထပ် ကျလာပါတယ်။ မြေသြဇာရောင်းအား ရှိလာတာဖြစ်ပါတယ်။ ဒီတစ်ပတ် ဈေးကွက် အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက ယူရီးယား (ရွှေတောင်-တရုတ်) ၁၈၃၀၀ ကျပ်၊ ယူရီးယား(ပန်းဖူး-တရုတ်) ၁၈၉၀၀ ကျပ်၊ တီစူပါ (GTSP ၄၆%-တရုတ်) က ၂၀၂၀၀ ကျပ်၊ တီစူပါ (GSSP ၁၆%-တရုတ်) ၈၉၀၀ ကျပ်၊ တီစူပါ (GSSP ၁၂%-တရုတ်) ၈၀၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ (တရုတ်) ၃၆၀၀၀ ကျပ်နဲ့ အာမို ၁၀း၁၀း၅ က ၁၃၈၀၀ ကျပ်တို့နဲ့ ဈေးကွက်ထဲ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ပဲခူးဈေးကွက်မှာ ယခင်တစ်ပတ်ဈေးထက် တစ်အိတ်ကို ငါးရာကျပ်စီ လောက် ဈေးကျလာတယ် လို့ မြေသြဇာအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါ တယ်။ ဈေးကွက်အတွင်းအရောင်းအဝယ်ဖြစ်နေတဲ့ဈေးက ယူရီးယား-ပုလဲ (ပန်းဖူး) တစ်အိတ်ကို ၂၁၅၀၀ ကျပ်၊ (ရွှေတောင်-တရုတ်) တစ်အိတ်ကို ၂၁၀၀၀ ကျပ်နဲ့ ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂၁၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေတယ် လို့ သိရပါတယ်။တောင်ကြီးဈေးကွက်မှာ ဈေးအနည်းငယ်မြင့်တာဆိုလို့ တီစူပါ ၁၂% (တရုတ်) ၅၀၀ကျပ်၊ ပိုတက် (တရုတ်) ၅၀၀ကျပ်နဲ့ ယူရီး ယား(ယူအေအီး) ၁၀၀၀ကျပ် ဖြစ်ပါတယ်။ ယူရီးယား-ပုလဲ၊ ဓာတ်ဆား၊ တီစူပါ ၁၀း၁၀း၅ (တရုတ်) က ဈေးအနည်းငယ် ကျလာပါတယ်။ ဒီတစ်ပတ် အရောင်းအဝယ်ဖြစ်နေတဲ့ ဈေး တွေက ယူရီးယား-ပုလဲ (ကမ္ဘာလုံး၊ ရွှေတောင်)-တရုတ်) ၂၀၀၀၀ ကျပ်၊ ပန်းဖူး (တရုတ်) ၂၁၀၀၀ ကျပ်၊ တီစူပါ ၁၂%(တရုတ်) ၉၀၀၀ ကျပ်၊ တီစူပါ ၁၆% (တရုတ်)က ၁၀၀၀၀ ကျပ်၊ တီစူပါ ၁၅း၁၅း၁၅ (တရုတ်) ၃၅၀၀၀ ကျပ်၊ တီစူပါ ၁၀း၁၀း၅ (တရုတ်) ၁၄၅၀၀ ကျပ်၊ ဓာတ်ဆား (တရုတ်) ၁၅၅၀၀ ကျပ်၊ ပိုတက် (တရုတ်) ၂၃၅၀၀ ကျပ်၊ ယူရီးယား (ယူအေအီး) ၂၀၀၀၀ ကျပ်နဲ့ မြားကမ္ဘာက ၁၄၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ MIRT (DOT)
