ကျိုက်လတ် ကောက်စောစပါး ထွက်၊ ဈေးကောင်းရနေ
ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်က ပေတမော့ကျေးရွာနဲ့ ပန်းပဲစုကျေးရွာ တို့မှ မိုးကောက်စောစပါးများ ဦးစွာ ပေါ်ထွက်လျက်ရှိပါတယ်။ ရိတ်သိမ်းပြီး စပါးတွေကတော့ နှံကားစပါးတွေဖြစ်ပြီး ကြဲခင်းလယ်တွေ ဖြစ်ပါတယ်။ စိုက်စ လယ်တွေကို အောက်တိုဘာလဝက် ကျော်ခန့်လောက်မှာ ရိတ်သိမ်းလို့ရမယ် လို့ တောင်သူတစ်ဦး က ပြောပါတယ်။ ပေတမော့ကျေးရွာက ကောက်စော စပါးရိတ်သိမ်းပြီးသူ တောင်သူ ဦးအောင်သန်းကတော့ "ကျွန်တော့် လယ်ယာတွေဟာ မြေနိမ့်ပိုင်းမှာဖြစ်လို့ အထွက်နှုန်းနည်းပါတယ်။ လယ် ၁၂ ဧကရှိပြီး၊ တစ်ဧက ၂၃ တင်းလောက်ပဲ ထွက်ပါတယ်။ မြေဆီမကျွေးဘဲ ကြဲ ပက်ထားတာပါ။ တစ်ဧကရဲ့ ကုန်ကျ စရိတ် ၆၅၀၀၀ ကျပ်လောက်ပဲ ရှိပါ တယ်။ ကိုယ်ပိုင်လယ်ထွန်စက်၊ ခြွေ လှေ့စက်ရှိတော့ ကုန်ကျစရိတ်လည်း နည်းသွားတာပါ။ ဆန်စက်ကို ၅၀ ပေါင်ကိုက် စပါး တင်း ၁၀၀ ကို ၄၃၅၀၀၀ ကျပ်ဈေးနဲ့ ရောင်းပြီးပါပြီ။ စပါးပေါ်ဦးပေါ်ဖျားလည်းဖြစ်၊ စပါး အစိုဓာတ်လည်းနည်း၊ စပါးကလည်း သန့်လည်း သန့်တော့ ဈေးရတာပေါ့" လို့ ပြောပါတယ်။ ပန်းပဲစုကျေးရွာက ဦးစန်းမောင်ကတော့ လယ် ၁၃ ဧက ရှိပြီး၊ နှံကားစပါးစိုက်ပါတယ်။ တစ် ဧကကို ၄၂ တင်းနှုန်းထွက်ပြီး၊ ဓာတ် မြေသြဇာ အိတ်တစ်ပိုင်းလောက်ပဲ ကျွေးပါတယ်။ တစ်ဧက ကုန်ကျစရိတ် ၈၈၀၀၀ ကျပ်ခန့်ရှိပါတယ်။ "ကျွန်တော် စပါးရောင်းတဲ့အချိန်မှာ စပါးက အစို ဓာတ်များနေသေးတယ်။ စပါး ၁၀၀ တင်းကို ကျပ် လေးသိန်းနှစ်သောင်း တော့ရပါတယ်။ ကိုယ်ပိုင်လယ်ထွန် စက်၊ ခြွေလှေ့စက်လည်းရှိပါတယ်။ ဒီ ပစ္စည်းတွေ ငှားလုပ်ရမယ်ဆိုရင်တော့ လယ်တစ်ဧကရဲ့ ကုန်ကျစရိတ်ဟာ ကျပ် တစ်သိန်းနှစ်သောင်းလောက် ဖြစ် သွားနိုင်ပါတယ်။ အခု လယ်တစ်ဧကရဲ့ ကုန်ကျစရိတ်နုတ်ပြီး တစ်ဧကကို ၇၀၀၀၀ ကျပ်လောက်တော့ ကျန်ပါ တယ်။ စိုက်ခင်းကတော့ ရက်လိုသေးလို့ မရိတ်ရသေးပါဘူး။ သူကတော့ တစ် ဧက ကုန်ကျစရိတ်ပိုများသလို အထွက် နှုန်းကျတော့လည်း ကျွန်တော် အခုခန့် မှန်းကြည့်တာ တင်း ၅၀ ကျော်နဲ့ တင်း ၆၀ မှာထွက်ဖို့ရှိပါတယ်"လို့ ထိုတောင် သူကပြောပြသွားပါတယ်။ ''ယခုနှစ်ဟာ မိုးစပါး စိုက်ပျိုးပြီးချိန်မှာ နေရာတော် တော်များများမှာ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်နေရာမှ အခုလို ဖျာပုံခရိုင်မှာ ကောက်စော စပါးများ ဦးစွာရိတ်သိမ်း နိုင်ပြီး၊ စပါးဈေး ကောင်းစွာရရှိတာ တွေ့ရှိရလို့ တောင်သူများနဲ့အတူ ထပ် တူထပ်မျှ ဝမ်းသာပီတိဖြစ်ရကြောင်းပါ။မင်းဇော်မွန်-ဖျာပုံ
