ကစီဓာတ် ကြွယ်ဝသည့် အစားအစာများ အများအပြား စားသုံးပါက ရင်သားကင်ဆာ ဖြစ်ပေါ်နိုင်
ကစီဓာတ်ကြွယ်ဝသောအစား အစာများဖြစ်သည့် အာလူး၊ ဆန်၊ ပေါင်မုန့် စသည်တို့ကို အများအပြား စားသုံးပါက ရင် သားကင်ဆာ ဖြစ်ပေါ်နိုင်သည့် အန္တရာယ်ရှိကြောင်း ဆေးသု တေသီများမှ ဆိုသည်။ရင်သားကင်ဆာ ပျောက် ကင်းပြီး တစ်နှစ်အတွင်း ကစီ ဓာတ်ကြွယ်ဝသော အစားအစာ များကို တိုးမြှင့်စားသုံးသူ အမျိုး သမီးများတွင် ရင်သားကင်ဆာ ပြန်လည်ဖြစ်ပွားနှုန်း ၁၄ ဒသမ ၄ ရာခိုင်နှုန်းခန့် ရှိသည်ဟု ၂၀၁၁ အစီရင်ခံစာ တစ်စောင် တွင်ဖော်ပြထားသည်။ ကစီ ဓာတ်ကြွယ်ဝသော အစားအစာ များကို လျှော့စားသော အမျိုး သမီးများတွင် ရင်သားကင်ဆာ ပြန်လည်ဖြစ်ပွားနှုန်း ၉ ဒသမ ၈ ရာခိုင်နှုန်းခန့်သာ ရှိသည်ဟု ဖော်ပြထားသည်။ ကာဗွန်ဟိုက် ဒရိတ်သည် လူသားများအတွက် အာဟာရနှင့် စွမ်းအင်ထုတ် ပေးသော အဓိကအရင်းအမြစ် ဖြစ်သော်လည်း ကာဗွန်ဟိုက် ဒရိတ်အုပ်စုမှ တချို့သာ ကျန်း မာရေးနှင့် ညီညွတ်သည်ဟု ဆို ကြသည်။
