အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ်မှ ဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှုဘွဲ့အတွက် သင်တန်းသား ခေါ်ယူ
ဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှု B.A (Tourism) ဘွဲ့အတွက် အင်္ဂလိပ် စာဘာသာရပ်၌ အနည်းဆုံးအမှတ် ၆၀ ရရှိထားပြီး ရမှတ် ၄၀၀ နှင့်အထက် ရရှိ ထားသူများသည် အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ် (ရန်ကုန်) သို့ တိုက်ရိုက် လျှောက်ထားနိုင်ကြောင်း သိရသည်။
ထို့ပြင် ယခုနှစ်ကျောင်းဝင်ခွင့်အတွက် စီးပွားရေးစီမံခန့်ခွဲမှု BBM နှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အင်္ဂလိပ်စာ B.A (EPP) ဘွဲ့တို့အတွက် တက္ကသိုလ် ဝင်စာမေးပွဲရမှတ် ၄၄၀ အထက်ရရှိထားသူများ လျှောက်ထားနိုင်ကြောင်း၊ ၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင်စာ မေးပွဲအောင်မြင်ခဲ့သော ကျောင်းသားများသည် အဆိုပါ ကောလိပ်၌ သတ်မှတ်လျှောက်လွှာပုံစံများ ထုတ်ယူ၍ အောက်တိုဘာ ၁၀ ရက် နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ တရားဝင် သတင်းထုတ်ပြန်ချက်များအရ သိရသည်။ အဆိုပါ စီးပွားရေးစီမံကိန်း ဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှုဘွဲ့တို့အတွက် ကျောင်းသားဦးရေ ၁၀၀ နှင့် အသက်မွေး ဝမ်းကျောင်းဆိုင်ရာ အင်္ဂလိပ်စာဘွဲ့အတွက် ကျောင်းသားဦးရေ ၅၀ လက်ခံမည် ဖြစ်ပြီး အချိန်ပြည့် လေးနှစ်တက်ရောက်ရမည်ဖြစ်သည်။ထိုစီးပွားရေးစီမံခန့်ခွဲမှုနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အင်္ဂလိပ်စာ ဘွဲ့တို့အတွက် သင်တန်းသားများအား ယခင်နှစ်ထက်တိုးမြှင့်ခေါ်ယူခဲ့ပြီး ဟိုတယ် နှင့်ခရီးသွား၏ ဝန်ဆောင်မှုဘွဲ့ကို ယခုနှစ်မှ စတင်ဖွင့်လှစ်ခြင်းဖြစ်သည်။
