ယခုနှစ်စမှ စက်တင်ဘာလကုန်အထိ ရွှေတိဂုံစေတီတော်သို့ ကမ္ဘာလှည့်ခရီးသည်ဦးရေ နှစ်သိန်းကျော် ဝင်ရောက်

ယခုနှစ် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ မှ စက်တင်ဘာလကုန်အထိကိုးလတာ ကာလအတွင်း ရွှေတိဂုံစေတီတော်သို့ ကမ္ဘာ့လှည့်ခရီးသည်များ  လာရောက် ဖူးမြော်လည်ပတ်မှုမှာ လူဦးရေ နှစ်သိန်း ကျော်ရှိ သွားပြီးဖြစ်ကြောင်း  ရွှေတိ ဂုံ စေတီတော်ဂေါပကရုံးမှတစ်ဆင့်  သိရ သည်။

စက်တင်ဘာလ တစ်လအတွင်း၌ ပင်  ဧည့်သည်ဦးရေ လာရောက်လည် ပတ်မှုနှုန်းမှာ  ယခင်နှစ် စက်တင်ဘာ လထက် ဦးရေကိုးထောင်ကျော် ပိုမို တိုးတက်ဝင်ရောက်ခဲ့ကြောင်းသိရသည်။ ဇန်နဝါရီလမှ စက်တင်ဘာလအထိ  နိုင်ငံခြားဧည့်သည်  ဝင်ရောက်မှုမှာ ၂၁၂၉၇၃ ဦးရှိခဲ့ပြီး ယင်းကဏ္ဍမှ  ဝင် ငွေရရှိမှုမှာ   အမေရိကန်ဒေါ်လာ ၉၉၈၈၈၇ ဖြစ်ကြောင်းနှင့် FEC  ရရှိမှုက ၆၅၉၇၈ ဒေါ်လာဖြစ်ကြောင်း သိရှိရ သည်။ယခင်နှစ်နှင့် ယခုနှစ် ကိုးလတာ ကာလအတွင်း သုံးသပ်နှိုင်းယှဉ်ကြည့်ပါ ကယခုနှစ်တွင် နိုင်ငံခြားဧည့်သည်ဝင် ရောက်မှုမှာ ၆၅၂၁၃ ဦး ပိုမိုဝင်ရောက် လာခဲ့သည်။  လာရောက်လည်ပတ်မှု များသော ဧည့်သည်များမှာ ထိုင်းလူမျိုး များက အများဆုံးဖြစ်ပြီး ဒုတိယအများ ဆုံးမှာ   တရုတ်လူမျိုးများဖြစ်ကာ အိန္ဒိယ၊ ဂျပန်၊ စင်ကာပူ၊ ကိုရီးယား၊ ပြင်သစ်၊ ရုရှား၊ အင်္ဂလိပ်စသဖြင့် လူမျိုး စုံ လာရောက်လည်ပတ်ကြသည်။