ကမ္ဘာလှည့်ခရီးသွားများ ရှေးဟောင်းအမွေအနှစ် လက်ရာများကို တန်ဖိုးထားဝယ်ယူလာ

မြန်မာနိုင်ငံ၏  ရှေးဟောင်းအမွေ အနှစ်များဖြစ်ကြသော ပန်းချီ၊ ကဗျာ၊ ပိုစတာ၊ ရုပ်သေးရုပ်  စသည်များကို ယခင်ထက်   ပိုမိုစိတ်ဝင်စားလာကြ ကြောင်း ရှေးဟောင်းပစ္စည်းဆိုင်များမှ ဆိုသည်။

"နိုင်ငံခြားသားတွေက ရှေးဟောင်း လက်ရာတွေ၊ နာမည်ကြီး ပန်းချီဆရာ တွေရေးဆွဲခဲ့တဲ့ သဘာ၀ ပန်းချီကား တွေကို အဝယ်များကြတယ်။ ဒါပေမယ့် နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေ ကို သက်တမ်းနှစ် ၁၀၀ အထက်ရှိတဲ့ ပစ္စည်းတွေကိုတော့ မရောင်းပါဘူး။ဓာတ်ပုံရိုက်ချင်ရင်တော့ ထုတ်ပြတယ်။ ကျွန်တော်တို့နိုင်ငံ ရဲ့ ရှေးဟောင်းလက် ရာအမွေအနှစ်တွေ သူများနိုင်ငံရောက် မှာစိုးလို့ မရောင်းပါဘူး"ဟု ရှေးဟောင်း ပစ္စည်းပိုင်ရှင်တစ်ဦးမှ ပြောပြသည်။ ရှေးဟောင်းပစ္စည်းများ  ဝယ်ယူ ကြရာတွင် ကမ္ဘာ့လှည့် ခရီးသွားများ စိတ်ဝင်စားကြသော  ဆရာကြီးသခင် ကိုယ်တော်မှိုင်း ရေးသားခဲ့သည့် ငြိမ်း ချမ်းရေး သဝဏ်လွှာ ကဗျာနှင့် နိုင်ငံ ကျော်ပန်းချီဆရာ  R Talbat Kelly ၏ မြန်မာနိုင်ငံ၌ရှိသော သဘာဝအလှပန်း ချီကားပါစာအုပ်များကို အဓိကဝယ်ယူ ကြကြောင်း သိရှိရသည်။