ပုဂံ-ညောင်ဦး လေဆိပ်အသစ် တိုးချဲ့တည်ဆောက်
ပို့ဆောင်ရေးဝန်ကြီးဌာနမှ ပုဂံ- ညောင်ဦးလေဆိပ်ကို ယခုထက် ပိုမို ကောင်းမွန်အောင်တိုးချဲ့တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ပုဂံ-ညောင်ဦး လေဆိပ် အသစ်တိုးချဲ့ရာတွင်လေယာဉ်ပြေးလမ်း အနီး၌ ATR (72) လေယာဉ်တစ်စီး ရပ်နားနိုင်မည့် အလျားပေ ၄၀၀၊ အနံ ပေ ၆၀၀ ကိုအသစ်တိုးချဲ့တည်ဆောက် သွားမည်ဖြစ်သည်။ ထို့ပြင် ပုဂံ-ညောင် ဦးလေဆိပ်ဝင်းအတွင်းရှိ ပန်းခြံနေရာ တွင် အလျားပေ ၉၀၀၊ အနံပေ ၈၀၀ ရှိ လေယာဉ်များ ရပ်နားနိုင်မည့်နေရာ များကို ထပ်မံတိုးချဲ့ရေးအတွက် လုပ် ငန်းနေရာကြည့်ရှုစစ်ဆေးမှုများပြုလုပ် နေပြီဖြစ်ကြောင်းလည်း သိရှိရသည်။လေဆိပ် တိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းကို လေကြောင်းညွှန်ကြားမှုဦး စီးဌာနမှ တာဝန်ယူတည်ဆောက်ပေး သွားမည်ဖြစ်ကြောင်းလည်း သိရှိရ သည်။
