ပညာတော်သင်အဖြစ် တောင်သူလယ်သမား ခုနစ်ဦးအား နိုင်ငံခြားသို့ စေလွှတ်မည်

ပြည်ပလယ်ယာ စိုက်ပျိုးရေးကဏ္ဍများအား လေ့လာရန်အတွက် တောင်သူလယ်သမားအသင်းမှ လယ်သမား ခုနစ်ဦးအားပညာတော်သင် အဖြစ် နိုင်ငံခြားသို့စေလွှတ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်း မှသိရသည်။အဆိုပါ တောင်သူလယ်သမား ခုနစ်ဦးအား နိုင်ငံခြားသို့ ပညာ တော်သင်စေလွှတ်ရာတွင် အိန္ဒိယသို့ သုံးဦးနှင့် ထိုင်းနိုင်ငံ ဗန်ကောက် မြို့သို့ လယ်ယာစိုက်ပျိုးရေးကဏ္ဍ အကျိုးတူပူးပေါင်းရေး အလုပ်ရုံဆွေး နွေးပွဲကိုတက်ရောက် ရန် လေးဦးတို့အား ရွေးချယ်စေလွှတ်ကြောင်း သိရ သည်။ ထိုသို့စေလွှတ်ခြင်းဖြင့် တောင်သူလယ်သမားများ အတွက် ပြည်ပ လယ်ယာစိုက်ပျိုးရေးကဏ္ဍများကို လေ့လာနိုင်ပြီး အလုပ်ရုံဆွေးနွေးပွဲများ တွင်လည်း ဆွေးနွေးနို င်ခြင်း စသည့်အကျိုးကျေးဇူးများကိုလည်း ရရှိစေ မည်ဖြစ်သည်။ မြန်မာနိုင်ငံ ဆန်စပါးအသင်းအေ နဖြင့်လည်း တောင်သူ လယ်သမားများကို စေလွှတ်ခြင်းဖြင့် လယ်ယာကဏ္ဍတွင် ပိုမိုဖွံ့ဖြိုးတိုးတက် လာပြီး အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။ပြည်ပကို သွားရောက်မည့် လယ်သမားများအနေဖြင့် ပြည်ပလယ် ယာစိုက်ပျိုးရေးကဏ္ဍတွေကို လေ့လာပြီး နည်းစနစ်များ ဖလှယ်နိုင်ပြီး၊ ပြည်ပမှ အကူအညီပေးလာမှုတွင်လည်း တောင်းဆို မည်ဖြစ်ကြောင်းနှ င့် အောက်တိုဘာလ နောက်ဆုံးပတ်တွင် သွားရောက်မည်ဖြစ်ပြီး ခရီးစဉ် အချိန်တစ်ပတ် ကြာမြင့်မည်ဖြစ်သည်။