၂၀၁၂ မှာ အိန္ဒိယက နံပါတ် ၁ ဆန်တင်ပို့သူဖြစ်လာနိုင်၊ တရုတ်၊ နိုက်ဂျီးရီးယားတို့မှ ဆန်တင်သွင်းမှု စံချိန်တင်
အိန္ဒိယနိုင်ငံရဲ့ဆန်တင်ပို့မှုဟာ တန်ချိန် ၈ သန်းခန့်ရှိမယ်လို့ စက်တင်ဘာလ ခန့်မှန်းထားရာမှ ယခုအခါ ၂၂ ရာခိုင် နှုန်းတိုးပြီး၊ တန်ချိန် ၉ ဒသမ ၇၅ သန်းအထိရှိမယ်လို့ USDA က တိုးမြှင့်ခန့်မှန်းထားပြီးတဲ့နောက် အိန္ဒိယနိုင်ငံဟာ ၂၀၁၂ မှာအများဆုံးဆန်တင်ပို့သူနေရာ ရရှိလိမ့်မယ်လို့ဆိုပါတယ်။ ယခင်နှစ်တွေရဲ့ ထိပ်တန်း ဆန်တင်ပို့သူဖြစ်တဲ့ ထိုင်း နိုင်ငံဟာ ၂၀၁၂ မှာ တန်ချိန် ၆ ဒသမ ၅ - ၇ သန်းခန့် တင်ပို့ဖွယ်ရှိတယ်လို့ ထိုင်းဆန် တင်ပို့သူတွေက ခန့်မှန်းထားချိန်မှာ ဗီယက်နမ်က တန်ချိန် ၇ ဒသမ ၅ သန်းဝန်းကျင် တင်ပို့နိုင်မယ်လို့ ဗီယက်နမ် စားနပ်ရိက္ခာအသင်းမှ မျှော်မှန်းထားပါတယ်။
အိန္ဒိယရဲ့ ခန့်မှန်းဆန်တင်ပို့မှုပမာဏဟာ ၂၀၀၈ ခုနှစ်အတွင်း ဆန်တင်ပို့မှု ပိတ်ပင်ခြင်းမပြုမီထိ ပုံမှန်တင်ပို့ နေကျ တန်ချိန် ၅ သန်းခန့်ရဲ့ ၂ ဆခန့်ရှိမှာဖြစ်ပါတယ်။ ၂၀၀၉-၁၁ အတွင်း ဆန်တင်ပို့မှုဟာ တန်ချိန် ၂ ဒသမ ၅ သန်းကို ကျဆင်းခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာလမှာ သိုလှောင်ဆန်များစွာနဲ့အတူ နိုင်ငံတကာ ဆန်ဈေးကွက်အတွင်း ပြန်လည်ဝင်ရောက်ချိန်မှာ ရူပီးတန်ဖိုး အားလျော့နေခြင်းက ပြည်ပတင်ပို့မှုမြင့်တက်အောင် တွန်းပို့ခဲ့ပါတယ်။ အိန္ဒိယဆန်တင်ပို့မှုနဲ့ အခြားအပြောင်းအလဲ ခန့်မှန်းချက်များကို အခြေခံပြီး ၂၀၁၂ အတွက် ကမ္ဘာ့စုစုပေါင်း ကုန်သွယ်မှု ဟာတန်ချိန် ၃၇ ဒသမ ၇ သန်းကိုယခင်နှစ်ထက်တန်ချိန် ၁ ဒသမ ၈၅ သန်းမြင့်တက်မယ်လို့ USDA မှ ခန့်မှန်းထား ပါ တယ်။ ၂၀၁၂ မှာ မြန်မာနိုင်ငံရဲ့ ဆန်တင်ပို့မှုက ပြီးခဲ့တဲ့နှစ်တင်ပို့မှုထက် ၂၅ ရာခိုင်နှုန်း ပိုမိုပြီး၊ တန်ချိန် ၇၅၀၀၀၀ ထိရှိ မယ်လို့ ခန့်မှန်းထားပါတယ်။ ဗင်နီဇွဲလားရဲ့ ဆန်တင်ပို့မှုက ယခုနှစ်မှာ တန်ချိန် ၅ သောင်းခန့်ရှိမယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ ဆန်တင်ပို့မှုက တန်ချိန် ၁ သိန်းလျော့ပြီး တန်ချိန် ၄ သိန်းရှိမယ်လို့ခန့်မှန်းထားပြီး၊ ဆန်တင်သွင်းမှုက ၂၀၁၂ မှာ တန်ချိန် ၄ သိန်းတိုးပြီး၊ တန်ချိန် ၁ ဒသမ ၉ သန်းရှိနိုင်လို့ ၁၉၉၅ နောက်ပိုင်း တရုတ်နိုင်ငံရဲ့ ဆန်တင်သွင်းမှု အများဆုံးကာလဖြစ်တယ်လို့ ဆိုပါတယ်။ နိုက်ဂျီးရီးယားရဲ့ ၂၀၁၂ ဆန်တင်သွင်းမှုလည်း တန်ချိန် ၅၅၀၀၀၀ တိုးပြီး၊ ဆန်တန် ၃ သန်းအထိစံချိန်တင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဆီနီဂေါနိုင်ငံကလည်း တန်ချိန် ၁၃၀၀၀၀ တိုးကာ ၉၅၀၀၀၀ ထိနဲ့ ဂါနာနိုင်ငံကလည်း တန်ချိန် ၇၅၀၀၀ တိုးကာ ၄၇၅၀၀၀ တင်သွင်းမယ်လို့ဆိုပါတယ်။ အိုင်ဗရီကို့စ်၊ ကင်ညာ၊ မဒက် စကာ၊ တောင်အာဖရိက၊ နီပေါ၊ တူရကီ၊ တန်ဇန်းနီးယား၊ ကင်မရွန်၊ ဆိုမာလီ၊ အင်ဂိုလာ၊ဗင်နီဇွဲလား၊ ဂျော်ဒန်နဲ့ ပနားမား စတဲ့ နိုင်ငံတို့ရဲ့ တင်သွင်းမှုတွေကလည်း စက်တင်ဘာလ ခန့်မှန်းထားတာထက် ပိုမိုမယ်လို့ဆိုပါတယ်။ ဒါပေမယ့် ဆန်တင်သွင်းမှုကျဆင်းတဲ့ နိုင်ငံတွေအနေနဲ့ ဘင်္ဂလားဒေ့ရှ်က တန်ချိန် ၁၆၀၀၀၀ ကျဆင်းပြီး၊ တန်ချိန် ၂၄၀၀၀၀၊ သြစတြေးလျက တန်ချိန် ၂၀၀၀၀ လျော့ကျပြီး၊ တန်ချိန် ၁၃၀၀၀၀၊ အီဂျစ်က တန်ချိန် ၂၅၀၀၀၀ လျော့ကျပြီး၊ တန်ချိန် ၅၅၀၀၀၀ သာ တင်သွင်းဖွယ်ရှိကြောင်းUSDA က ခန့်မှန်းထားပါတယ်။ လဝန်း၊Source: oryza.com
