ဗီယက်နမ်၊ စင်ကာပူ၊ ထိုင်းနဲ့ တရုတ်မှ မြေသြဇာများဝင်

ဗီယက်နမ်နိုင်ငံမှ ကွန်ပေါင်းမြေသြဇာ တန်ချိန် ၄၀၀၊ သြဂဲနစ်မြေသြဇာ ၁၆၈ တန်၊ စင်ကာပူနိုင်ငံမှ အမိုးနီးယမ်းဆာလဖိတ် ၄၉၆ တန်၊ ထိုင်း နိုင်ငံမှ မြေသြဇာ ၂၃တန်၊ တရုတ်နိုင်ငံမှ မြေသြဇာ ၃၁၃ တန်၊ စုစုပေါင်းတန်ချိန် ၁၄၀၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ်သိန်းသုံးသောင်းကျော်ဖိုးကို ပင်လယ်ရေ ကြောင်းလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ နှစ်ပတ်ဆက်တိုက် အဝင်ပျောက်ခဲ့တဲ့ မြေသြဇာက ဒီတစ်ပတ်မှသာ ပြန်လည်ဝင်ရောက်လာတာဖြစ်ပါတယ်။ MIRT(DOT)

 
နယ်စပ်မှ ယခုအပတ် ဓာတ်မြေသြဇာအသွင်းပိုမိုအောက်တိုဘာ ၁၀ ရက်မှ ၁၆ ရက်ထိကာလအတွင်းမှာ နယ်စပ်ကုန်သွယ် ရေးစခန်းများမှ ကန်ဒေါ်လာ ၃ ဒသမ ၁၂၀ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၅၃၁၆ တန်ကျော် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ် တင်သွင်းမှုထက် တန် ၁၁၀၀ နီးပါး အသွင်းပိုမိုခဲ့ပါတယ်။ နယ်စပ်အလိုက်တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁၄၃၅၇ တန်ကျော်၊ မြိတ်မှ တန် ၈၅၀နဲ့ ရိဒ်မှ ၁၀၉ တန်ခန့်ဖြစ်ပါတယ်။ မူဆယ်မှ အများ ဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ Urea, Compound (10:10:5), (15:5:15), T-super, Nitric Phosphate၊ မြိတ်မှ  Amonium Sulphate နဲ့ Compound, ရိဒ်မှ Potash နဲ့ Urea  တို့ဖြစ်ကြပါတယ်။     MIRT(DOBT)
မြေသြဇာဈေးကွက်  ခပ်အေးအေးလေးရှိနေမော်လမြိုင်ဈေးကွက်မှာ ဓာတ်မြေသြဇာက ဈေးအတက်အကျမရှိဘဲ ငြိမ် နေပြီး အရောင်းအေးလာတယ် လို့ မြေသြဇာအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ယခင်နှစ်ပတ်လောက် က ရောင်းအားတက် လာပေမယ့် ဒီတစ်ပတ်မှာ တော့ ရောင်းအားနည်းနည်းကျလာတယ်လို့လည်းသိရပါတယ်။ ပုလဲအသေး ၄၆% (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်) တရုတ်က တစ်အိတ်ကို ၂၁၅၀၀ ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း) က ၃၃၀၀၀ ကျပ်၊ ကွန်ပေါင်း (ပန်းရောင်) ထိုင်းက ၃၀၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း) က ၂၉၀၀၀ ကျပ်၊ တီစူပါ ၄၆% (သံကွင်း-တရုတ်)၂၃၀၀၀ ကျပ်နဲ့ တီစူပါ ၁၆% (မြားကမ္ဘာ-တရုတ်) က ၁၂၅၀၀ ကျပ်ဈေးနဲ့ ဈေးကွက်အတွင်း အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။မကွေးဈေးကွက်မှာ မြေသြဇာက အရောင်းအဝယ် နည်းနည်းဖြစ်ပေမယ့် ဈေးကသိပ်မပြောင်းဘူး၊ အဝယ်များတဲ့ မြေသြဇာပဲ နှစ်ရာကျပ်လောက် ဈေးတင် ရောင်းတာဘဲရှိတယ်လို့ ပြောပါတယ်။ ဒီတစ်ပတ်ဈေးကွက်မှာ အရောင်းအဝယ်ဖြစ် နေတဲ့ဈေးက မြားကမ္ဘာ-တရုတ် (၁၂း၁၃) (အပြာအစိမ်း)က ၁၅၅၀၀ ကျပ်၊ ဆင် ၁၀း၁၀း၅ က ၁၅၅၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ ၁၇၀၀၀ ကျပ်၊ အာမို ၁၅ ပတ်လည်နဲ့ ၁၆း၁၆း၈ က ၃၃၅၀၀ ကျပ်၊ ယူရီးယား- ပုလဲ(ပန်းဖူး-တရုတ်) ၂၁၀၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၂၀၅၀၀ကျပ်၊ တီစူပါ (မြားနီ-တရုတ်) ၂၄၅၀၀ ကျပ်၊ အောင်ကမ္ဘာ ၁၀း၁၀း၅ က ၁၈၀၀၀ ကျပ်နဲ့ ပိုတက်ရှ် ၂၄၅၀၀ ကျပ်တို့နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ မြေသြဇာက ဒီရက်ပိုင်း အရောင်းအေးတာနဲ့အမျှ ဈေးကလည်း ကျလာတယ်ဆိုပေမဲ့ တစ်အိတ်ကို နှစ်ရာ၊ သုံးရာ  ဝန်းကျင်သာ ကျလာတာလို့ သိရပါတယ်။ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက ယူရီးယား (ရွှေတောင်-တရုတ်) ၁၈၈၀၀ ကျပ်၊ တီစူပါ (GTSP ၄၆%-တရုတ်) က ၂၀၀၀၀ ကျပ်၊  တီစူပါ (GSSP ၁၆%-တရုတ်) ၈၇၀၀ ကျပ်၊ တီစူပါ(GSSP ၁၂%-တရုတ်) ၇၈၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ (တရုတ်) ၃၆၅၀၀ ကျပ်နဲ့ အာမို ၁၀း၁၀း၅ က ၁၃၅၀၀ ကျပ်တို့နဲ့ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ပဲခူးဈေးကွက်မှာ မြေသြဇာက အရောင်းအေးတယ်လို့ သိရပါတယ်။  ဈေး ကွက်အတွင်း အရောင်းအ၀ ယ်ဖြစ်နေတဲ့ဈေးက ယခင်တစ်ပတ် ဈေးများအတိုင်း ယူရီးယား-ပုလဲ(ပန်းဖူး) တစ်အိတ်ကို ၂၁၅၀၀ ကျပ်၊ (ရွှေတောင်-တရုတ်) တစ်အိတ် ကို ၂၁၀၀၀ ကျပ်နဲ့ ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂၁၅၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။တောင်ကြီးဈေးကွက်မှာ မြေသြဇာက  ဒီအချိန်မှာ မြေသြဇာ အသုံးနည်း လာတာကြောင့် အရောင်း ပါးပြီး ရောင်းအားကျလာတယ်။ အနည်းအကျဉ်း ရောင်းရတာကလည်း ယူရီးယားနဲ့ ဓာတ်ဆားပဲရှိပါတယ်လို့ သိရပါတယ်။ အသုံး နည်းရတဲ့အပြင် မြေသြဇာဈေးကလည်း တစ်အိတ်ကို ကျပ် ငါးရာမှ ကျပ်တစ် ထောင်ကြား ဈေးထပ်ကျလာတယ်။ တီစူပါ ၁၀း၁၀း၅ နဲ့ ဓာတ်ဆားက ဈေး မပြောင်းဘဲငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်အတွင်း အရောင်း အဝယ်ဖြစ်နေတဲ့ဈေးက ယူရီးယား-ပုလဲ (ကမ္ဘာလုံး၊ရွှေတောင်)(တရုတ်) ၁၉၀၀၀ ကျပ်၊ ပန်းဖူး(တရုတ်) ၁၉၅၀၀ ကျပ်၊ တီစူပါ ၁၂%(တရုတ်) ၈၅၀၀ ကျပ်၊ တီစူပါ ၁၆% (တရုတ်)က ၉၅၀၀ ကျပ်၊ တီစူပါ ၁၅း၁၅း၁၅ (တရုတ်) ၃၄၀၀၀ ကျပ်၊ တီစူပါ ၁၀း၁၀း၅ (တရုတ်) ၁၄၅၀၀ ကျပ်၊ ဓာတ်ဆား (တရုတ်) ၁၅၅၀၀ ကျပ်၊ ပိုတက်(တရုတ်) ၂၃၀၀၀ ကျပ်၊ ယူရီးယား (ယူအေအီး) ၁၈၅၀၀ ကျပ်၊ မြားကမ္ဘာက ၁၄၅၀၀ ကျပ်တို့နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။                 MIRT(DOT)