မိခင်မှ ကလေးသို့ HIV ပိုးကူးစက်မှုလျှော့ချနိုင်ရန် မြို့နယ်ပေါင်း ၂၄၅ မြို့နယ်တွင် ဆောင်ရွက်နေ
မိခင်မှကလေးသို့ HIV ပိုးကူးစက်မှု လျှော့ချနိုင်ရန် အတွင်းမြို့နယ်ပေါင်း ၂၄၅ မြို့နယ်တွင် ဆေးရုံ ၃၈ ရုံ၌ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
မိခင်မှ ကလေးသို့ HIV ကူးစက်ခြင်း ကာကွယ်ရန်နှင့် HIV နှင့်ပတ်သက် ဆက်နွှယ်လျက်ရှိသော ကလေးများ ဆိုင်ရာ အကြောင်းအရာများကို ရုပ်သံမီဒီယာ များအား အသိပေးရှင်းလင်းပွဲမှ သိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကိုယ်ဝန် ဆောင်မိခင်များအား ကိုယ်ဝန်ဆောင်စဉ်ကာလ၌ပင် HIV ပိုး ရှိ မရှိ စစ်ဆေး ခြင်း များ ပြုလုပ်ပေးခြင်း၊ ရောဂါပိုးရှိသော ကိုယ်ဝန်ဆောင်များအား ARV ဆေး တိုက်ကျွေးခြင်း အစရှိသည်တို့ ကို ဆောင်ရွက်ပေးလျက်ရှိသည်။ သို့သော်ကိုယ်ဝန်ဆောင်မိခင် များအနေဖြင့် HIV ပိုး ရှိ၊ မရှိ စစ်ဆေးမှု များပြုလုပ်မှုတွင် နည်းပါးလျက်ရှိသည်။HIV ရောဂါပိုးရှိသော ကိုယ်ဝန်ဆောင် များသည် ကိုယ်ဝန် ၁၄ ပတ်မှစ၍ ARV ဆေးကို စတင်သောက်သုံးရပြီး သန္ဓေသား မကူးစက်ရန် ကာကွယ်မှုများပြုလုပ်ရမည်ဖြစ်သည်။ ထိုသု့ိပြုလုပ်ရာတွင် ပြည်တွင်း ၌ လတ်တလောတွင် ၁၁ ရာခိုင်နှုန်းခန့် လျှော့ချကာကွယ်တားဆီးနိုင်ပြီး နောင်တွင် ၅ ရာခိုင်နှုန်းဆက်လက်လျှော့ချ ကာကွယ်နိုင်ရန် စီစဉ်ထားကြောင်းသိရသည်။
