ဗိုင်းရပ်စ်ပိုးကြောင့် အဆုတ်ပြွန်ငယ်ရောင်ခြင်း ကလေး ၁၀ ဦးတွင် တစ်ဦးဖြစ်ပွား

ဗိုင်းရပ်စ်ပိုးဝင်ခြင်းကြောင့် အဆုတ်ပြွန်ငယ်များ ရောင်ရမ်းခြင်းသည် ကလေး ငယ် ၁၀ ဦးအနက် တစ်ဦးဖြစ်ပွား တတ်ပြီး အသက်တစ်နှစ်အောက် ကလေးများတွင် အသက်ရှူလမ်းကြောင်းပြဿနာ များ ဖြစ်စေနိုင်ကြောင်း ကလေးအထူးကု ဆရာ ဝန်ကြီးတစ်ဦးမှ ပြောသည်။

"ပိုးကြောင့် အဆုတ်ပြွန်ငယ်ရောင်တဲ့ကလေးတွေမှာ အသက်ရှူစဉ် တရွှီရွှီ မြည်တယ်၊ ချောင်းဆိုးမယ်၊ အသက်ရှူမြန် မယ်၊ အသက်ရှူမဝတာ၊ အသက်ရှူ မရတာဖြစ်မယ်။ နှုတ်ခမ်းတစ်ဝိုက်မှာ ပြာနှမ်းလာမယ်။ အစာစားရခက်ခဲလာမယ်။ ကလေးမှာ ဒီလိုလက္ခဏာတွေပြလာရင် ဆရာဝန်နဲ့ပြသပြီး ကုသသင့်တယ်"ဟု ၎င်း မှ ဆက်လက်ပြောကြားခဲ့သည်။အဆုတ်ပြွန်ငယ်ရောင်ရမ်းခြင်း ခံစားရသည့်ကလေးများအား အရည်များ များ တိုက်ကျွေးရန် လိုအပ်ကြောင်း၊ မိခင်နို့တိုက်ကျွေးသည့်  အရွယ်ဖြစ်ပါက မိခင်နို့သာ တိုက်ကျွေးရန် လိုအပ်ကြောင်း၊ ကိုယ်အပူချိန်မြင့်မားနေပါ က မွေးစက လေးများအား ပါရာစီတမော တိုက်သင့်ကြောင်း သိရသည်။ထိုသို့ပြုစုရာတွင် မသက်သာပါက ဆေးမြီတိုများ တိုက်ကျွေးခြင်းမပြုဘဲ နီးစပ်ရာဆေးခန်း၊ ဆေးရုံသို့ ပို့ဆောင်ကုသသင့်ကြောင်း သိရသည်။