ခရီးသွားများအကြိုက် ဝန်ဆောင်မှုပေးရသည့် ပုံစံများခေတ်စားလာ

ပြည်တွင်းခရီးသွားဈေးကွက် တွင် ဧည့်သည်မှ ရွေးချယ်သော ခရီးသွား အစီအစဉ်များပေါ်မူတည်၍ဝန်ဆောင် မှုပေးရသည့်  ပုံစံများ ခေတ်စားလာ ကြောင်း ပြည်တွင်း ခရီးသွားအေဂျင်စီ များကဆိုသည်။

" အခုခေတ်က  ဧည့်သည်က ရွေး ချယ်တဲ့ခေတ် ဖြစ်လာပြီ။ အရင်ကဆို ကုမ္ပဏီကဘယ်ခရီးစဉ်သွားမယ်။ ဘယ် လောက်ကုန်မယ်ဆိုတာမျိုး၊ အခုကအ ရင်လိုမဟုတ်တော့ဘူး။ ဧည့်သည်က ခရီးစဉ်ကို  ရွေးချယ်စီစဉ်တာ၊ ဥပမာ ဧည့်သည်အဖွဲ့တစ်ဖွဲ့က  မန္တလေး-ပုဂံ ညောင်ဦးပြီးရင်  အင်းလေးဘက် ဆက် သွားချင်တယ်ဆိုပြီး လာတယ်။ ဘယ် လောက်ကုန်ကျမလဲ။  ဘယ်လောက် အချိန်ကြာမလဲပေါ့။ ဒါကို ကျွန်မတို့ ကုမ္ပဏီဘက်က  ပြန်ပြီးဝန်ဆောင်မှု ပေးနေရပါပြီ" ဟု ခရီးသွားကုမ္ပဏီတစ်ခု မှ မမြကေခိုင်က ဆိုသည်။၎င်းင်းမှပင် ဆက်လက်၍  "အရင်က ဆိုပြည်တွင်းခရီးစဉ်တွေသွားဖို့လောက် ပဲ စိတ်ဝင်တစားမေးကြတယ်။  အခုဆို စလာကတည်းက ဘန်ကောက်က စ မေးတယ်။  ဘန်ကောက်၊ စင်ကာပူ ခရီးသွားချင်တယ်။ ဘယ်လောက်ကုန် ကျမလဲ။ ဒါတွေကို မေးပြီး ပြန်စီစဉ်ပေး ရတာပါ" ဟု ပြောပြသွားခဲ့သည်။