ပုဂံဒေသ ကမ္ဘာ့လှည့်ခရီးသွားများကို လုံခြုံစိတ်ချမှုပေးနိုင်ရန်အတွက် ထိန်းချုပ်ရန်လိုအပ်

ပုဂံဒေသသို့ လာရောက်လည်ပတ်လေ့လာကြသော ကမ္ဘာလှည့်ခရီး သည်များကို အသက်အန္တရာယ်ကာ ကွယ်ပေးနိုင်ရန်နှင့် အခြားပြဿနာများ ကြုံတွေ့မှုမရှိစေရန် လုံခြုံစိတ်ချမှုများ ပေးနိုင်ရန်အတွက် ထိန်းချုပ်ရန်လိုအပ် ကြောင်း  ဒေသခံများကဆိုသည်။

နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ဧည့်သည်အများစုသည် ပုဂံဒေသ သို့ သွားရောက်လည်ပတ်ရာတွင် ခရီးသွားကုမ္ပဏီများနှင့်ဆက်သွယ်ခြင်းမရှိ ဘဲ ကိုယ်ပိုင်အစီအစဉ်ဖြင့် လာရောက်မှုများမှာ ယခင်ထက်ပိုမိုများပြားလာ ခဲ့ကြောင်းလည်း သိရသည်။ ပုဂံဒေသခံတစ်ဦးက "ဧည့်သည်ကတော့ တစ်နှစ်ထက်တစ်နှစ် ပိုဝင် တယ်။ ဒါပေမယ့် ပိုက်ဆံက အလုံအလောက်မပါလာကြဘူး။ ဒီရောက်တဲ့ အခါ ဖြစ်သလိုနေ၊ ဖြစ်သလိုစားနေကြတာ။ အိပ်တဲ့အခါလည်း တချို့ဆို လမ်းဘေးမှာ ပိုက်ခွေကြိုးတန်းပြီးတော့ အိပ်ကြတယ်။ ဒါတွေက သူတို့အတွက် မကောင်းသလို ကိုယ်တွေအတွက်လည်း မကောင်းပါဘူး။ ပြဿနာသေးသေး မွှားမွှားလေးတွေကနေ အသက်အန္တရာယ်ကြုံနိုင် တဲ့အထိ စိုးရိမ်ရတယ်လေ။ သူတို့တစ်ခုခုဖြစ်ရင် ပုဂံရဲ့ခရီးသွားပုံရိပ်ပါ ကျဆင်းသွားနိုင်တယ်။ ဒါကြောင့် ထိန်းချုပ်ဖို့ လိုအပ်တယ်"ဟု ပြောသည်။ " နိုင်ငံခြားသားတွေ အဲဒီလိုစည်းကမ်းမဲ့နေထိုင်တာတွေကို ခွင့်ပြုလိုက်ရင် နောက်လူတွေလည်း လိုက်လုပ်မှာကြောက်ရတယ်။ မြန်မာကလည်း ဘူတန် နိုင်ငံလိုဖြစ်အောင်လုပ်ရမယ်"ဟု အထက်ပါပုဂ္ဂိုလ်မှ ဆက်လက်ပြောသည်။