ဝါးခယ်မမြို့နယ်မှာ ပေါင်းဆန်ကြိတ်ခွဲထုတ်လုပ်
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်ပေါင်းဆန်ကြိတ်ခွဲနေသော ဦးနေလင်း ဆန်စက်အမှတ် ၃၆၁ ရွှေပျံလွှားဆန်စက်သို့ အောက်တိုဘာ ၁၈ ရက်က မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးမှ တိုင်းမန်နေဂျာ၊ တိုင်းဆန်စပါးလုပ်ငန်းအသင်းဥက္ကဋ္ဌ၊ ဧရာပုသိမ်၊ ဧရာဒီပါအထူးပြုကုမ္ပဏီမှ တာဝန်ရှိသူများ သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ဆန်စက်ပိုင်ရှင် ဦးနေလင်းမှ ရှင်းလင်းရာ ကမ္ဘာ့ဆန်ဈေးကွက် အခြေအနေအရ ဆန်ဖြူအစား ပေါင်းဆန်ဈေးကွက်များ တွေ့ရှိရလို့ ၂၀၁၂ ခုနှစ်မှာ အိန္ဒိယနိုင်ငံရှိ Sun shine ကုမ္ပဏီမှ မှာယူပြီးတည်ဆောက်ခဲ့ကြောင်း၊ ကြိတ်ခွဲမှုမှာ ၂၄ နာရီ ကို တန် ၄၀ ကြိတ်ခွဲထုတ်လုပ်နိုင်ပြီး ဆန်အောက်တန်းအနေနဲ့ စပါးတင်း ၁၀၀ ကို လုံးတီးဆန် ၃၆ အိတ်ထွက်ရှိကြောင်း၊ ဆန်ဖြူထက် ပိုမိုအောက်တန်း တွက်ခြေကိုက်ကြောင်း၊ ပြည်ပဈေးကွက်ရှိနေလို့ မိမိစက်မှကြိတ်ခွဲပြီးသောပေါင်းဆန်ကို ကုမ္ပဏီ များမှာ ဝယ်ယူလျက်ရှိကြောင်း ဆွေးနွေးခဲ့ပါတယ်။ တိုင်းမန်နေဂျာမှ အထူးပြုကုမ္ပဏီများ၊ ဆန်စက်ပိုင်ရှင်များ အား ပေါင်းဆန် စက်တည်ဆောက်ပါက စပါးအမျိုးအစားအလိုက် စပါးအရည်အသွေးကို အဓိကရွေးချယ်ဝယ်ယူ စရာမလိုအပ် ကြောင်း၊ ဝယ်ယူကြိတ်ခွဲသောစပါးများ အလေအလွင့်နည်းပါးပြီး အောက်တန်းေ ကာင်းမွန်ကြောင်း၊ ပေါင်းဆန်ဈေးကွက်ရှိလို့ အကျိုး အမြတ်ဖြစ်ထွန်းပြီး ပေါင်းဆန်စက်များ တည်ဆောက်သင့်ကြောင်း ဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။ စိုးဝင်း-မြောင်းမြ
