ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူနဲ့ မလေးမှ မြေသြဇာများဝင်
ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူနဲ့ မလေးမှ မြေသြဇာများဝင်သီတင်းတစ်ပတ်ဖြစ်တဲ့ အောက်တိုဘာ ၁၄ ရက်မှ ၂၀ ရက်တာ ကာလအ တွင်း ထိုင်းနိုင်ငံမှ မြေသြဇာ ၇၃၄ ဒသမ ၅ တန်၊ စင်ကာပူနိုင်ငံမှ သြဂဲနစ်မြေသြ ဇာ ၁၀၅ တန်၊ ဗီယက်နမ်နိုင်ငံမှ သြဂဲနစ်မြေသြဇာ ၄၂ တန်နဲ့ မလေးရှားနိုင်ငံမှ မြေသြဇာ ၄၈ တန်တို့ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါ တယ်။ စုစုပေါင်းဝင်ခဲ့တဲ့ တန်ချိန်က ၉၂၉ ဒသမ ၅၀ တန်ဖြစ်ပြီး တန်ဖိုးက ကန် ဒေါ်လာ နှစ်သိန်း ကိုးသောင်းကျော်ဖိုးဖြစ်ပါတယ်။ MIRT(DOT)
နယ်စပ်မှ ဓာတ်မြေသြဇာ တန် ၁၅၃၀၀ ကျော် အသွင်းရှိမူဆယ်၊ မြဝတီနဲ့ ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းများက အောက်တိုဘာ ၁၇ ရက်မှ ၂၃ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ ၃ ဒသမ ၅၅၄ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ တန် ၁၅၃၄၀ ကျော်ကို တင်သွင်းခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုပမာဏများမှာ မူဆယ်မှ ၁၄၉၉၂ တန်ကျော်၊ မြဝတီမှ ၈၅ တန်နဲ့ ရိဒ်မှ ၂၆၃ တန်ကျော် အသီးသီး ဖြစ်ပါတယ်။ မူဆယ်မှ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား၊ ကွန်ပေါင်း ၁၀း၁၀း၅၊ တီစူပါဖော့စဖိတ်၊ ကွန်ပေါင်း ၁၅း၅း၅ နဲ့ နိုက်တြစ်ဖော့စဖိတ်တို့ ဖြစ်ပါတယ်။ မြဝတီမှ အမိုးနီးယမ်းနဲ့ ရိဒ်မှ ပိုတက်ရှ်နဲ့ ယူရီးယားတို့ဖြစ်ပါတယ်။ MIRT(DOBT)
အရောင်းပုံမှန်လေးပဲရှိနေတဲ့ ဓာတ်မြေသြဇာမော်လမြိုင်ဈေးကွက်မှာ မြေသြဇာက အရောင်းပုံမှန်ဖြစ်လာတယ်လို့ မြေသြ ဇာအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦး ကဆိုပါတယ်။ အရောင်းအေးအေး၊ ပုံမှန်ပဲ ဖြစ်ဖြစ် မြေသြဇာဈေးက အပြောင်းအလဲသိပ် မရှိဘူးလို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ကွန်ပေါင်း ၁၅ ပတ်လည်နဲ့ ၁၆း၁၆း၈ က တစ်အိတ်ကို ငါးရာကျပ်ဈေးကျလာ ပါတယ်။ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက ပုလဲအသေး ၄၆% (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်) တရုတ်က တစ်အိတ်ကို ၂၁၅၀၀ ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း) က ၃၂၅၀၀ ကျပ်၊ ကွန်ပေါင်း (ပန်းရောင်) ထိုင်းက ၃၀၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း) က ၂၈၅၀၀ ကျပ်၊ တီစူပါ ၄၆% (သံကွင်း-တရုတ်)၂၃၀၀၀ ကျပ်နဲ့ တီစူပါ ၁၆% (မြားကမ္ဘာ-တရုတ်) က ၁၂၅၀၀ ကျပ်ဈေးနဲ့ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မကွေးမြေသြဇာဈေးကွက်မှာ မြေသြဇာက အရောင်း ပုံမှန်ရှိနေပေမယ့် ပြီးခဲ့တဲ့တစ်ပတ်ဈေးနဲ့ပဲ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ မြားကမ္ဘာ-တရုတ်(၁၂း၁၃)အပြာက ၁၅၅၀၀ ကျပ်၊ ဆင် ၁၀း၁၀း၅ ၁၅၄၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ ၁၇၀၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ ၃၅၅၀၀ ကျပ်၊ အာမို ၁၆း၁၆း၈ က ၃၄၀၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၂၀၅၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၂၀၀၀၀ ကျပ်၊ တီစူပါ (မြားနီ-တရုတ်) ၂၄၅၀၀ ကျပ်၊ အောင်ကမ္ဘာ ၁၀း၁၀း၅ က ၁၈၀၀၀ ကျပ်နဲ့ ပိုတက် ၂၄၃၀၀ ကျပ်တို့နဲ့ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ မြေသြဇာက ဒီရက်ပိုင်း ရောင်းအားရှိပေမဲ့ ဈေးက ပြောင်းလဲမှုမရှိဘဲ ငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးကလည်း ယခင်တစ်ပတ်ဈေးအတိုင်း ယူရီးယား (ရွှေတောင်-တရုတ်) ၁၈၈၀၀ ကျပ်၊တီစူပါ (GTSP ၄၆%-တရုတ်) က ၂၀၀၀၀ ကျပ်၊ တီစူပါ (GSSP ၁၆%-တရုတ်) ၈၇၀၀ ကျပ်၊ တီစူပါ(GSSP ၁၂%-တရုတ်) ၇၈၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ (တရုတ်) ၃၆၅၀၀ ကျပ်နဲ့ အာမို ၁၀း၁၀း၅ က ၁၃၅၀၀ ကျပ်တို့နဲ့ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ရန်ကုန်ဈေးကွက်မှာ မြေသြဇာက အရောင်း ပုံမှန်ရှိပေမဲ့လည်း ဈေး ကတော့ အပြောင်းအလဲသိပ်မရှိဘူး။ တီစူပါ(သံကွင်း-တရုတ်) ကဈေးနည်းနည်းကျ လာပြီး ကျန်တဲ့မြေသြဇာက ယခင်ဈေးနဲ့ဘဲ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါ တယ်။ ဒီတစ်ပတ် ဈေးကွက်ထဲအရောင်းအဝယ်ဖြစ်နေတဲ့ဈေးက ယူရီးယား (နေရွက်လှေ၊ ရွှေတောင်)တရုတ်က ၁၉၅၀၀ ကျပ်၊ တီစူပါ (သံကွင်း-တရုတ်) ၂၀၉၀၀ ကျပ်၊ ပိုတက်(ထိုင်း) ၃၅၀၀၀ ကျပ်၊ ပိုတက် (ကနေဒါ) ၂၄၅၀၀ ကျပ်၊ ပိုတက်(အိန္ဒိယ) ၂၄၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၅း၁၅း၁၅(ထိုင်း) ၃၈၅၀၀ ကျပ်၊ ကွန်ပေါင်း ၂၅းရး၇ ၃၅၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၅းရး၁၈ ၃၃၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၅း၁၅း၁၅ (အမ်-တရုတ်) ၂၈၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လု့ိ သိရပါ တယ်။တောင်ကြီးမြေသြဇာဈေးကွက်မှာ ဒီအချိန်က ပွဲတော်ချိန်လည်း ဖြစ်နေ တာကြောင့် အရောင်းအဝယ်က ပါးနေတယ်လို့ ပြောပါတယ်။ ဒီတစ်ပတ်ဈေး ကွက်ထဲ အရောင်းအဝယ် ဖြစ်နေတဲ့ဈေးက ယူရီးယား-ပုလဲ (ကမ္ဘာလုံး၊ ပန်းဖူး၊ ရွှေတောင်)တရုတ် ၂၀၀၀၀ ကျပ်၊ တီစူပါ ၁၂%(တရုတ်) ၉၀၀၀ ကျပ်၊ တီစူပါ ၁၆% (တရုတ်)က ၉၅၀၀ ကျပ်၊ တီစူပါ ၁၅း၁၅း၁၅ (တရုတ်) ၃၄၀၀၀ ကျပ်၊ တီစူပါ ၁၀း၁၀း၅ (တရုတ်) ၁၄၅၀၀ ကျပ်၊ ဓာတ်ဆား (တရုတ်) ၁၆၀၀၀ ကျပ်၊ ပိုတက်(တရုတ်) ၂၃၀၀၀ ကျပ်၊ ယူရီးယား (ယူအေအီး) ၁၉၀၀၀ ကျပ်၊ မြှားကမ္ဘာက ၁၄၅၀၀ ကျပ်တို့နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။MIRT(DOT)
