ကောက်စောစပါးများ လှိုင်လှိုင်ထွက်ပေါ်ချိန် စပါးဈေးကောင်းရရှိရေး တောင်သူများစိုးရိမ်ပူပန်လျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်မှာ ၂၀၁၂-၁၃ ခုနှစ်ထွက် ကောက်စောစပါးများ အောက်တိုဘာ ၁ ရက်မှ စတင်ရိတ် သိမ်းစပြုခဲ့ရာမှ ပေါ်စက ကုန်သည်များအဝယ်အေးခဲ့ပေမယ့် ယခုအခါ ရိတ်သိမ်းခြွေလှေ့ပြီး စပါးများကို ကုန်သည်များ လှုပ် လှုပ်ရှားရှား ဝယ်ယူစပြုလာနေတာကို တွေ့ရပါတယ်။ စတင်ထွက်ပေါ်ချိန်က စက်ခြွေစပါးအစို တစ်တင်း ၃၅၀၀ ကျပ်ရရှိခဲ့ရာမှ ယခုအသင့်အတင့် ထွက်ရှိလာချိန်မှာတော့ ၃၃၀၀ ကျပ်မှ ၃၄၀၀ ကျပ်ဈေးပေးဝယ်လာပါတယ်။ ယခင်နှစ်က စပေါ်ချိန် စပါးတစ် တင်း ၅၀ ပေါင် ၃၀၀၀ ကျပ်ပေးဝယ်ရာမှ လှိုင်လှိုင်ထွက်ပေါ်ချိန်မှာ ၂၅၀၀ ကျပ်အထိ ကျဆင်းလာခဲ့တဲ့ဈေးကြောင့် ယခုနှစ် စပါးလှိုင်လှိုင်ထွက်ပေါ်ပြီး၊ အသုံးစရိတ်လိုအပ်လို့ ရောင်းမယ့်အချိန်ရောက် မှ ဈေးနှုန်းကျဆင်းလာမှကို တောင်သူများ စိုးရိမ်ပူပန် နေကြ ပါတယ်။ တောင်သူအချို့ရဲ့ စကားသံကတော့ "ဒီနှစ်ရေကြီးနစ်မြုပ်မခံရဘူး။ ဆင်းသုခစပါးမျိုးစိုက်တယ်။ ကိုယ့်စိုက်ခင်း ကိုယ့်ကြည့်ပြီး၊ အားတက်တယ်ဗျာ။ ကောင်းတယ် - သီးတယ် - ဖျာခင်းထားတဲ့အတိုင်းဘဲ။ ဒါပေမယ့် စိုးရိမ်တာက စပါးဈေးပဲ၊ စပါးပေါ်ချိန်၊ ရောင်းချချိန်ရောက်မှ မနှစ်ကလို ၅၀ ပေါင် တစ်တင်း ၂၉၀၀ ကျပ်ဈေးနဲ့သာ ရောင်းရမယ်ဆိုရင်တော့ လာမယ့်နှစ် လယ်လုပ်ဖို့ စဉ်းစားရတော့မယ်၊ လယ်တွေရောင်းဖို့ဘဲ ရှိတော့တယ်"လို့ တောင်သူတစ်ဦးက ဆိုပါတယ်။

နောက်တစ်ဦးကတော့ "ဒီနှစ် ကျွန်တော့်လယ် ရေဝင်နစ်မြုပ်ပျက်စီးခဲ့တယ်။ ပြန်စိုက်ပြီးပါပြီ၊ ကုန်ကျစရိတ် မတတ်နိုင်လို့ ကြဲခင်းပဲ ပက်တော့တယ်။ စပါးပေါ်ချိန် စပါးဈေး ကောင်းပါစေလို့ဆုတောင်းရမှာပဲ။ မနှစ်ကလို ၅၀ ပေါင်စပါးတစ်တင်း ၂၈၀၀ ကျပ်ဈေးနဲ့သာ ရောင်းရမယ်ဆိုရင်တော့ လာမယ့်နှစ် လုံးဝလယ်မလုပ်နို င်တော့ဘူး"လို့ဆိုပါတယ်။ နောက်တစ်ဦးကတော့ "မနှစ်က ကုန်သည်တွေ အကြောင်းအမျိုး မျိုးပြပြီး၊ ဈေးနှိမ်ဝယ် တယ်။ လက်ငင်းဆို ဘယ်ဈေး၊ အကြွေးရက်ဆိုင်းနဲ့ဆို ဘယ်ဈေးဆိုပြီးဝယ်တယ်။ အကြွေးက ဈေးပိုရလို့ အကြွေးရောင်းတယ်။ ရက်ချိန်းအတိုင်းမရဘူး။ အချို့အဝက်ပေးလိုက် ချိန်းလိုက်၊ ပေးလိုက် ချိန်းလိုက်နဲ့ ငွေလည်းအပြည့်မရဘူး။ ရတဲ့ငွေ အဖတ်မတင်ဘူး။ ပညာအမျိုးမျိုးပြတယ်။ ဈေးကစားတယ်။ အကြွေးဈေးက လက်ငင်းဈေး ထက်ပိုရပေမယ့် ရက်ချိန်းကိုချိန်းတဲ့အတိုင်း မပေးတော့ စိတ်မရှည်ဘဲ လက်ငင်းပေးဝယ်တဲ့ ဈေးနဲ့ပဲ ရောင်းရတယ်၊ နစ်နာတယ်။ ဒီနှစ်လည်းမနှစ်ကလို ဖြစ်မှာစိုးရိမ်တယ်"လို့ ဆိုပါတယ်။"ကျွန်တော်တို့ လယ်သမားတွေက စပါး၊ ပဲစိုက်ပြီး၊ မိသားစု စားဝတ်နေရေး အဆင်ပြေအောင် ရှာဖွေ စားသောက်နေရ တဲ့သူတွေပါ။ အတတ်နိုင်ဆုံး စနစ်တကျစိုက်ထားပါတယ်။ နားလည်သဘောပေါက် သင့်သလောက် အသိရှိလာကြပါပြီ။ ဒါပေမယ့် ခက်နေတာက ဈေးနှုန်းဘဲဗျ။ စပါးတွေ၊ ပဲတွေ ဘယ်လောက် ကောင်းအောင်စိုက်စိုက်အထွက်နှုန်းတွေ ဘယ်လောက်တိုးတိုး ဈေးမရ ရင် ဘာမှလုပ်လို့မရေ တာ့ဘူး။ စပါးပေါ်ချိန်၊ ပဲပေါ်ချိန်မှာ တောင်သူတွေအတွက် သင့်တင့်တဲ့ ဈေးနှုန်းနဲ့ရောင်း ရရင် တော်ပါပြီဗျာ" လို့ ကြားခဲ့ရပါတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်မှာ ကောက်စောစပါးများ သွက်သွက်လက်လက် ရိတ်သိမ်းလာနေ ပြီဖြစ်တဲ့ ယခုအချိန်မှာ စတင်ကျဆင်းလာတဲ့ စပါးဈေးအတွက် ကောက်စောစပါးများ လှိုင်လှိုင်ထွက်ပေါ်ချိန် စပါးဈေးကောင်းကောင်း မရရှိမှာ စိုးရိမ်ပူလျက်ရှိနေ တဲ့ တောင်သူအချို့ရဲ့ရင်ဖွင့် တင်ပြသံများ တင်ပြလိုက်ပါတယ်။            ရီရီနိုင်ဝင်း-ဧရာဝတီတိုင်