မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်း ဆိုက်ရောက်ဗီဇာထုတ်ပေးရန်အသင့်ဖြစ်ပြီ

မန္တလေးအပြည်ပြည်ဆိုင်ရာ လေ ဆိပ်အတွင်းဆိုက်ရောက်ဗီဇာထုတ်ပေး ဖို့အတွက်  အဆင်သင့်ဖြစ်နေပြီ လို့ နေ ပြည်တော်ရှိ  လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး  ဦးစီးဌာနမှ တာဝန်ရှိသူရဲ့ပြောကြားချက်အရ သိရ ပါတယ်။

အဲဒီလေဆိပ်မှာ  ဆိုက်ရောက်ဗီ ဇာထုတ်ပေးမယ့်  ကောင်တာတွေမှာ စက်တွေကို တပ်ဆင်ထားပြီး ဝန်ထမ်း တွေကို လည်း  အသင့်ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ ဒီလို  အသင့်ဖြစ်ပေမယ့် ဆိုက်ရောက်ဗီဇာ ထုတ်ပေးဖို့အတွက် ကိုတော့  ပြည်ပလေယာဉ်ဆင်းမယ့် အနေအထားကို  စောင့်ကြည့်လေ့လာ နေဆဲဖြစ်တယ်လို့ သိရပါတယ်။မန္တလေး  အပြည်ပြည်ဆိုင်ရာလေ ဆိပ်အတွင်း အခုလိုဆိုက်ရောက်ဗီဇာ ထုတ်ပေးနိုင်ဖို့  ကောင်တာလေးခုနဲ့ ရိုး ရိုးဗီဇာထုတ်ပေးဖို့အတွက်   ကောင် တာလေးခု ထားရှိပေးမှာဖြစ်ပါတယ်။ အခုလို မန္တလေးအပြည်ပြည်ဆိုင် ရာ လေဆိပ်မှာ   ဆိုက်ရောက်ဗီဇာ ထုတ် ပေးရတာဟာ    အဆိုပါလေဆိပ်ကို ပြည်ပလေကြောင်းလိုင်းများ တိုးချဲ့ပြေး ဆွဲလာတာကြောင့် ဖြစ်ပါတယ်။ဆိုက်ရောက်ဗီဇာ  ထုတ်ပေးမှုကို အခုလက်ရှိ   ရန်ကုန်လေဆိပ်မှာသာ ထုတ်ပေးနေတာဖြစ်ပြီ မန္တလေး အပြည် ပြည်ဆိုင်ရာလေဆိပ်မှာ ထုတ်ပေးဖို့ အတွက် မကြာမီကာလအတွင်းဆောင် ရွက်ပေးသွားမှာဖြစ်ကြောင်း  သတင်း ရရှိပါတယ်။