ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ၄၀၆ ဦးသာ အသင်းဝင်ကြေးပေးသွင်း

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင် များအသင်းရန်ပုံငွေဘဏ္ဍာရေးရှင်းတမ်း ထွက်ပေါ်လာသော်လည်း အသင်းဝင် ကြေးထည့်ဝင်သည့် အသင်းသား ၄၀၆ ဦးသာရှိကြောင်းအသင်း၏ အထွေထွေ အတွင်းရေးမှူး က ပြောပြသည်။

"အသင်း  စတင်တည်ထောင်တဲ့ နေ့ကနေ ယနေ့အထိ  မြန်မာနိုင်ငံ အသင်းသားများစာရင်းမှာ ၄၀၆ ဦးပဲ ရှိပါတယ်"ဟု ဦးတင်ထွန်းအောင်ကဆို သည်။ အသင်းသား ၄၀၆ ဦးမှာ ပင်မ အသင်းသား ၃၉၇ ဦးမဟာမိတ်အသင်း သား ခြောက်ဦး၊ ပို့ဆောင်ရေးလုပ်ငန်း ရှင်၊ စားသောက်ဆိုင်၊  အမှတ်တရ ပစ္စည်းအရောင်ဆိုင်တစ်ဦး၊ မိတ်ဆွေ အသင်းသားများ River Cruises တစ်ဦး  Others (Media) တစ်ဦးတို့ ဖြစ်သည်။ ယင်းအသင်းဝင်များကသာ နှစ် စဉ်ကြေးပေးလျက်ရှိပြီး ကျန်သည့်အ သင်းသားများမှာ အသင်းနှင့်အဆက် အသွယ်ပြတ်နေခြင်း၊  ဆက်သွယ်မှု မရှိခြင်းနှင့် နှစ်စဉ်ကြေးပုံမှန်ပေးသွင်း မှုမရှိခြင်းတို့ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။