Sunway University မလေးရှား၏ ပညာရေးဆွေးနွေးပွဲ

၁၉၈၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော Sunway University သည် နိုင်ငံတကာတက္ကသိုလ်များနှင့်  ချိတ်ဆက်ထားသည့်အပြင် ၎င်းတက္ကသိုလ်များသို့ လည်း ကူးပြောင်းတက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။အဆိုပါတက္ကသိုလ်သို့ ကျောင်းလျှောက်ထားလိုသူများနှင့် အသေးစိတ်သိရှိ လိုသူများအနေဖြင့်  အောက်တိုဘာ  ၂၉ ရက် နံနက် ၁၀ နာရီမှ ၁ နာရီထိ Sunway  University မှ ပညာရှင်များ   လာရောက်ဆွေးနွေးမည်ဖြစ်သည်။  SR International College, MWEA တာဝါ၊ ပထမထပ်၊ ရွှေတိဂုံဘုရားလမ်း၊ နဝဒေးလမ်းနှင့် ယောမင်းကြီးလမ်းကြား၊ ဒဂုံမြို့နယ်၊ ဖုန်း- ၀၁၂၄၆၁၈၈ ၀၁၃ ၈၇၀၂၂ နှင့် ၀၉၅၄၂၈၈၄၈ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။