လေထုညစ်ညမ်းသောနေရာတွင် နေထိုင်သူများအတွက် နှလုံးသားနှင့် သွေးကြောဆိုင်ရာရောဂါ ဖြစ်နိုင်ခြေ ပိုမိုများပြား

လေထုညစ်ညမ်းသောနေရာများတွင် နေထိုင်သူများအနေဖြင့် နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများ ပိုမိုဖြစ်နိုင်ခြေ အခွင့်အလမ်းပိုများကြောင်း နှလုံးရောဂါဆရာကြီးတစ်ဦးမှ ပြောသည်။

 
လေထုညစ်ညမ်းသောနေရာတွင်အချိန်တိုကာလမျှ နေထိုင်ရုံဖြင့် နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများ ဖြစ်ပွားနိုင်ပြီး၊
နှလုံးရောင်ရမ်းခြင်း၊ သွေးကြောအတွင်း သွေးခဲစေရန် အခြေအနေများ ဖြစ်ပေါ်စေနိုင်သည်။ ထို့ပြင် နှလုံးခုန် မြန်ခြင်းနှင့် အခြားနှလုံးနှင့် သွေးကြောဆိုင်ရာများဖြစ်ပွားစေနိုင်ကြောင်း သိရသည်။မြို့ပြများတွင် စက်မှုလုပ်ငန်းမှ ထွက်သောဓာတ်ငွေ့များ၊ ယာဉ်အမျိုးမျိုးမှထွက်သော ဓာတ်ငွေ့များသည်  ကာဗွန်မိုရာ ဆိုဒ်အဖြစ် လူသာများအားအန္တရာယ်ဖြစ်စေနိုင်ပြီး လေ့လာတွေ့ရှိချက်များ အရ လေထုတစ်စတုရန်းမီတာတွင် နိုက်ထရိုဂျင် ဒိုင်အောက်ဆိုဒ်နှင့် ဆာဖာဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ (၁) မိုက်ခရိုဂရမ်တို့သည် နှလုံးအားဒုက္ခပေးစေသည့် အလားအလာ ၁ ရာခိုင်နှုန်းမှ ၂ ဒသမ ၅ ရာခိုင်နှုန်းနှင့် နှလုံးဖောက်ပြန်မှုအလားအလာ ၄ ဒသမ ၈၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။