ထိုင်းနိုင်ငံ သမားဆက်တက္ကသိုလ်၏ စီးပွားရေးပညာ မဟာဝိဇ္ဇာဘွဲ့ ပညာသင်ဆု လျှောက်လွှာခေါ်ယူ

ထိုင်းနိုင်ငံ သမားဆက်(Thammasat University)  တက္ကသိုလ် တွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ထိနှစ်နှစ်ကြာ တက်ရောက်သင်ယူနိုင်မည့် စီးပွားရေး ပညာမဟာဝိဇ္ဇာဘွဲ့တန်းအတွက်  ပညာသင်ဆု လျှောက် လွှာများအား ခေါ်ယူလျက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံအခြေစိုက် Heinrich  Boll Foundation (HBF) မှ ထိုင်းနိုင်ငံတက္ကသိုလ် သုံးခုနှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံတွင်းမှ လူငယ်များ ၂၀၄ ခုနှစ်စတင်၍ ပညာသင်ဆု ပေးအပ်လာခဲ့ရာ ယခု အခါ ၂၀၁၃ အတွက် လျှောက်လွှာများအား  နိုဝင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း သိရ သည်။
ထိုသို့ပညာသင်ဆုလျှောက်ထားရာတွင် BA အဆင့်စီးပွားရေး နှင့်ပတ်သက်သော ဘွဲ့တစ်ခု၊ သင်္ချာနှင့် စာရင်းအင်းပိုင်း လေ့လာ ဖူးသူ၊ မြန်မာနိုင်ငံတွင်နေထိုင်သူဖြစ်ပြီး ကျောင်းပြီးပါက မြန်မာနိုင်ငံ သို့ပြန်ရန် စိတ်အားထက်သန်သူ  TOFEL နှင့် IELTS အင်္ဂလိပ် ဘာသာစကား လိုအပ်ချက်၊ HBF ၏ သဘောတူလက်မှတ်ရေးထိုး ထားသော MoU ပါ အချက်များအား လိုက်နာနိုင်သူနှင့် တိုင်းရင်း သားလူမျိုးများသည် ပညာသင်ဆုများ  လျှောက်ထားနိုင်မည်ဖြစ် သည်။HBF အနေဖြင့်လည်း ပညာသင်နေစဉ်ကာလ အတွင်း ကျောင်း လခ၊ကျောင်းသားမှတ်ပုံတင်ကြေး၊ လေယာဉ်လက်မှတ်စရိတ်၊ သုတေသနအတွက် ခရီးစရိတ်၊ နေထိုင်စရိတ်၊ အစားအသောက် အတွက် လစာငွေ၊ စာအုပ်ဝယ်ရန် ငွေကြေး၊ ဘွဲ့ယူစာတမ်းအတွက် ကုန်ကျငွေနှင့် ကျန်းမာရေးအတွက် အာမခံ စသည်တို့ကို ထောက်ပံ့ ပေးသွားမည်ဖြစ်သည်။